လင်ဆေးလိုဟန်နဲ့ မိတ်ဆွေ ပြန်ဖြစ်နေတယ် ထင်ရတဲ့ ပဲရစ္စဟီလ်တန်ဟောလီးဝုဒ် ပါတီ Celebrity ပဲရစ္စဟီလ်တန်က ဒုက္ခရောက် မင်းသမီး လင်ဆေး လိုဟန်နဲ့ တစ်ဖန်ပြန် မိတ်ဆွေ ဖြစ်နေဖွယ် ရှိတယ်လို့ ယူဆ ရကြောင်း သတင်း များက ပြောပါတယ်။ ဟီလ်တန်နဲ့လိုဟန်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက နေအိမ် ပါတီ တစ်ရပ်မှာ အတူတွေ့မြင် ခဲ့ကြ ရပါတယ်လို့ အဆိုပါ သတင်းများက ဆိုပါတယ်။
သူတို့ နှစ်ယောက်ဟာ ဟိုအရင်တစ်ချိန်က အရမ်းရင်းနှီးတဲ့ ပါတီ ပါတနာတွေ ဖြစ်ခဲ့ပါတယ်။ နောက်တော့ တစ်ကြိမ် တစ်ခါ စကားများ ရန်ဖြစ်ပြီး သူငယ်ချင်း ခန်း ဖြတ်ခဲ့ကြပါတယ်။ ပေါ့ပ်စတား ဘရစ်တနီ စပီးယား ဟာလည်း ဟိုအရင်က သူတို့နဲ့ ပါတီပါတနာ ဖြစ်ခဲ့ ပါတယ်။
Source by :http://www.yoyarlay.com/

.jpg?width=750)

0 comments:
Post a Comment