Home » , » မန္တလေးက ကျပ် ၁၀၀ တန် ဟန်းစက်

မန္တလေးက ကျပ် ၁၀၀ တန် ဟန်းစက်

Written By မောင်စေတနာ on Saturday, May 5, 2012 | 10:52:00 PM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwldXzaHZQNpefGNtHk70Q7GYZeLQd1IABuPlRbUv2jdjzvSdi_v-bFAns-z9UkT2r8i5WPgQaFxXu_mU0fUUwzJbT_VZxpLhn4CyTsJxG6F76eki215ZXDP71c8kdIG_Isf_-sGyZhXNW/s400/Good+Mobile.jpg

ဓာတ်ပုံ- CJ Myanmar
၅၀၀၀ ကျပ်တန် ဖုန်းတွေ မပေါ်လာသေးပေမယ့် ကျပ် ၁၀၀ တန် တယ်လီဖုန်း ဟန်းစက်တွေ ဒီကနေ့ မန္တလေးမြို့မှာ ရောင်းချပေးနေလို့ လာရောက်ဝယ်ယူအားပေးသူတွေများလွန်းလို့ လမ်းတွေပိတ်ဆို့ပြီး ယာဉ်ထိန်းရဲတွေပါ လမ်းရှင်းပေး တာတောင် လုပ်ခဲ့ရပါတယ်တဲ့။

မန္တလေးမြို့၊ ၇၈ လမ်း၊ ၃၇ လမ်းနဲ့ ၃၈ လမ်းကြားက Good Mobile ဖုန်းဆိုင်က ဆိုင်သစ်ဖွင့်တဲ့အနေနဲ့ ဟန်းစက် တစ်ခုကို ကျပ်ငွေ ၁၀၀ ထဲနဲ့ အလွန်ဈေးပေါပေါ ရောင်းချပေးတာပါတဲ့။

ဝယ်ယူအားပေးလာခဲ့တဲ့ မန္တလေးက မပပ၀င်း ပြောတာကတော့ အခု ဟန်းစက်ကို အခုလို ဈေးပေါပေါနဲ့ ရတာ မြန်မာပြည် မှာ ဒါ ပထမဆုံးလည်းဖြစ်ပါသတဲ့။ နောက် သူ ၀ယ်လာတဲ့ ဟန်းစက်က တရုပ်နိုင်ငံလုပ် ဟန်းစက်ဖြစ်ပါသတဲ့။

“လူတွေက ကျိတ်ကျိတ်တိုး။ ကြိုက်တာယူလို့ရတယ်။ ကျနော်ကလည်း စိတ်ထဲတွေ့တာ တခု ၀ယ်လိုက်တာ။ သုံးဖို့ ဖန်ရှင် (Function ) ကလည်း မဆိုးပါဘူး”လို့ သူက ချက်တင်ကနေ ဧရာဝတီကို ပြောပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ ရံဖန်ရံခါ တယ်လီဖုန်း ဟန်းစက်တွေနဲ့ ဆင်းကတ်တွေကိုလည်း အခမဲ့ ပေးဝေ တဲ့ ဓလေ့ရှိပါ တယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပ နိုင်ငံတွေမှာလည်း အလားတူ ဟန်းစက်နဲ့ ဆင်းကတ်တွေ အခမဲ့ ပရိုမိုးရှင်း လုပ်တဲ့ ဓလေ့ရှိပါတယ်။ များသောအားဖြင့် တချို့ဆင်းကတ်တွေဟာ အနောက်နိုင်ငံတွေမှာ အခမဲ့ပေးတာ များပါတယ်။

မြန်မာပြည်မှာတော့ မိုဘိုင်းဖုန်းတွေ စပေါ်ခါစက ဆင်းကတ်တခုကို မြန်မာကျပ်ငွေ သိန်း ၃၀ ကနေ ၃၅ သိန်းကျော် အထိ ပေါက်ဈေးရှိခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ ဈေးကျလာတာတောင် အခု နောက်ဆုံး ကျပ် ၂ သိန်းတန် ဆင်းကတ်ဆိုတာ က လည်း ဈေးကွက်ထဲမှာ ကျပ် ၂ သိန်းခွဲ ပေါက်နေတာပါ။


Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။