Home » , , » KNU နဲ့ အစိုးရပေးတဲ့ ကွန်ပျူတာများ

KNU နဲ့ အစိုးရပေးတဲ့ ကွန်ပျူတာများ

Written By မောင်စေတနာ on Friday, April 13, 2012 | 12:01:00 PM

မနေ့က ထိုင်းမြန်မာနယ်စပ်မှာ တွေ့ရတဲ့ KNU ရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဝင်များ (ဓာတ်ပုံ-ဧရာဝတီ)

ငြိမ်းချမ်းရေးလက်ဆောင်အဖြစ် အစိုးရက ကရင်အမျိုးသားအစည်းအရုံး (KNU) သို့ပေးအပ်သည့် ကွန်ပျူတာများ ကို (KNU) ရုံးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်သည်။

အစိုးရက ဧပြီလ ၈ ရက်နေ့ ရန်ကုန်တွင် လက်တော့ ၁၆ လုံးနှင့် စားပွဲတင်ကွန်ပျူတာ ၅ လုံးကို ပေးအပ်လိုက်ခြင်းဖြစ်သည်။

“ကျမ ထင်တာကတော့ သမ္မတကြီးက ကျမတို့ကိုလက်တော့ပ်မရှိသေးဘူး ထင်နေတယ်၊ တောထဲမှာ လက်တော့ပ် တွေဘာတွေ သုံးနိုင်မလား လို့ထင်နေတယ်နဲ့ တူတယ်” ဟု KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က ပြောသည်။

သမ္မတကြီးဖြစ်စေ၊ မည်သူဖြစ်စေ ကွန်ပျူတာပေးခြင်းသည် အသုံးတည့်သဖြင့်ကြိုဆိုကြောင်း ဒေါ်နော်စီဖိုးရာစိန် ကပြောသည်။

ထို့ပြင် လက်ရှိငြိမ်းချမ်းရေးသည် အမြဲတမ်း ထွန်းလင်းစေရန် ရည်ရွယ်သည့် အဓိပ္ပာယ်နှင့် သမ္မတသည် နေစွမ်းအင်သုံး မီးချောင်းများကိုလည်း ပေးလိုက်သေးကြောင်း ၄င်းက ဆက်ပြောသည်။

“သူပြောတာက တောထဲမှာ နေလို့ရှိရင် နေပူထဲမှာ လှန်းလို့ရှိရင် အလင်းရတယ်၊ သုံးလို့ရတယ်တဲ့၊ ငြိမ်းချမ်းရေးက ဒီလို အမြဲတမ်းလင်းပါစေ ဆိုပြီး ပြောတယ်” ဟု ဒေါ်နော်စီဖိုးရာစိန်ကပြောသည်။

သမ္မတ ဦးသိန်းစိန်က အစိုးရအဖွဲ့ တနှစ်ပြည့်မိန့်ခွန်းအဖြစ် ပြည်ထောင်စု လွှတ်တော်တွင် ၂၀၁၂ မတ်လ ၁ ရက်နေ့က ပြောခဲ့သည့် မိန့်ခွန်းတွင် သေနတ်အစား လက်တော့ပ် ကိုင်လိုသည့် တိုင်းရင်းသား လူငယ်များ ရှိသည်ဟု ပြောကြားခဲ့သည့် နောက်ပိုင်းတွင် လက်တော့ပ် လက်ဆောင်ပေးမူများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

၂၀၁၂ မတ်လအတွင်း ပအိုင်းဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသို့ လက်တော့ပ် ကွန်ပျူတာများ ပေးအပ်ခဲ့သေးသည်။

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။