Home » , , , » ဗိုလ်ချုပ် ခင်ညွန့်အကြောင်းရေးသူ ဦးမြင့်ရွှေရဲ့ တုံ့ပြန်ချက်

ဗိုလ်ချုပ် ခင်ညွန့်အကြောင်းရေးသူ ဦးမြင့်ရွှေရဲ့ တုံ့ပြန်ချက်

Written By မောင်စေတနာ on Friday, April 13, 2012 | 1:53:00 PM



ဗိုလ်ချုပ်ခင်ညွန့်နဲ့ ဘန်ကောက်ပို့စ် ဆောင်းပါးအကြောင်း မနေ့က အစိုးရသတင်းစာ ရှင်းလင်းပွဲ လုပ်ပါတယ်။


သတင်းစာ ရှင်းလင်းပွဲမှာ “ကျနော်ကိုယ်တိုင် ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့်ကို သွားမေးပါတယ်။ ဦးခင်ညွန့်က သင်္ကန်းစည်းနေတာနဲ့ တိုက်ဆိုင်တော့ ကျနော်လည်း အဲဒီကိစ္စကို အကျိုးအကြောင်း လျှောက်ထားပြီး မေးကြည့်တယ်။ ဦးခင်ညွန့်က သူဘယ်တုန်းကမှ ပြည်ပမီဒီယာတွေကို မဖြေပါဘူး၊ အဲဒီကိစ္စ မဟုတ်ပါဘူးလို့ ပြောတယ်” လို့ ရဲမှူးကြီး ၀င်းနိုင်ထွန်းက ပြောပါတယ်။

အခုတော့ ဘန်ကောက်ပို့စ် ဆောင်းပါးရှင် ဦးမြင့်ရွှေက သူ့ Facebook မှာ ဒီသတင်းစာရှင်းလင်းပွဲအကြောင်းကို
ပြီးခဲ့တဲ့ နာရီပိုင်းအတွင်း မှတ်ချက်ရေးထားပါတယ်။


သူ့မှတ်ချက်ကို ဆီလျော်အောင် ဘာသာပြန်ပေးလိုက်ပါတယ် - အစိုးရ အထူးသဖြင့် အစိုးရသစ်က ဒီကိစ္စမှာ ပါစရာ မလိုဘူး။ ရဲအရာရှိတယောက်ကို ကျနော် တုံ့ပြန်ဖို့ မလိုဘူး။ ဒါ့အပြင် ကျနော့်ဆောင်းပါး(မှာ ပါတဲ့ အချက်တွေ)ကို ဘန်ကောက်ပို့စ်က အတည်ပြုပါတယ်။

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။