Home » , , » မြန်မာပြည်သား ၃ ဦး ICE နဲ့ ဖမ်းမိ

မြန်မာပြည်သား ၃ ဦး ICE နဲ့ ဖမ်းမိ

Written By မောင်စေတနာ on Tuesday, April 10, 2012 | 3:45:00 AM

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့ ရဲတပ်ဖွဲ့ဝင်တွေက Ice မူးယစ်ဆေးဝါး ကုန်ကူးနေသူလို့ ယူဆရတဲ့ မြန်မာနိုင်ငံသား ၃ ယောက်ကို ချန်ဖုယား ကားဂိတ်မှာ စနေနေ့က ဖမ်းဆီးလိုက်ပါတယ်။

ဒီမြန်မာနိုင်ငံသားတွေဟာ အသက် ၄၁ – ၄၂ အရွယ်ရှိကြပြီး ပုံမှာတွေ့ရတဲ့ စိတ်ကြွဆေးတွေနဲ့ အတူ အဖမ်းခံရတာလို့ ဆိုပါတယ်။

သူတို့ဟာ ထိုင်း ဘတ်ငွေ ၁၀ သန်းဖိုးလောက် ရှိတဲ့ မူးယစ်ဆေးတွေကို “၀”တိုင်းရင်းသား တွေ ဆီက ရလာတယ်၊ အခကြေးငွေ ဘတ်ငွေ ၅၀၀၀၀ နဲ့ ဘန်ကောက်မြို့ကို သင်္ကြန်ကာလ အရောက် ပို့ဖို့ စီစဉ်ထားတယ်လို့ ထိုင်း သတင်းတွေက ဖော်ပြကြပါတယ်။

အဖမ်းခံရသူတွေရဲ့ ထွက်ဆိုချက်အရ “Ice မူးယစ်းဆေးဝါးတွေကို တာချီလိတ်မြို့မှာ ရှိတဲ့ “၀”တိုင်းရင်းသားဆီက ယူလာတာ၊ ဘန်ကောက်မြို့မှာရှိတဲ့ ဖောက်သည် တယောက်ဆီကို သွားဖို့ပေးရမှာ ဖြစ်တယ်၊ ဘတ်ငွေ ၅၀၀၀၀ နဲ့ အငှားသယ် လာတာဖြစ် တယ်” တဲ့။

သူတို့ရဲ့ အမည်တွေကိုတော့ သတင်းတွေမှာ ဖော်ပြထားတာ မတွေ့ရပါဘူး။

သူတို့ ၃ ယောက်ကို မူးယစ်ဆေးဝါးများ လက်ဝယ်ထားရှိမှု၊ ရောင်းဝယ်ဖောက်ကားမှုတို့နဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။