Home » , , » သင်္ကြန်ရေပက်ရာတွင် မီးသတ်ပိုက်များကို စစ်ဆေး အရေးယူသွားမည်

သင်္ကြန်ရေပက်ရာတွင် မီးသတ်ပိုက်များကို စစ်ဆေး အရေးယူသွားမည်

Written By မောင်စေတနာ on Tuesday, April 10, 2012 | 6:49:00 AM



ယခုနှစ် မန္တလေးမဟာသင်္ကြန်တွင် ကျုံးပတ်လည်၌ ရေကစားမည့် မဏ္ဍပ် များနှင့် ရေစုပ်စက် အသေးစားများဖြင့်ရေကစားမည့် နေရာ များတွင် မီးသတ် ပိုက်များဖြင့်ရေပက်မှုများကို စစ်ဆေး သွားမည်ဖြစ် ကြောင်းမန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီရေနှင့် သန့်ရှင်းရေးဌာနမှ ဌာနမှူး ဦးတင့်လွင် က ပြောကြားသည်။

"အဓိကကတော့ ရေပက်တဲ့နေရာမှာ အန္တရာယ်မဖြစ်အောင်လို့ပါ။ ကျုံး အနောက်ဘက်မှာ ရေစုပ်စက်အသေး လေးတွေနဲ့ မီးသတ်ပိုက်တွေနဲ့ ပက်တာ များတယ်။ ဒီနှစ်မှာ အဲဒီအသေးစား ရေစုပ်စက်တွေ လျှောက် လွှာတင်တဲ့ နေရာမှာလည်း စည်းကမ်းချက်တွေ သတ်မှတ်ထားပါတယ်။ မီးသတ်ပိုက်နဲ့ ရေပက်တာကိုခွင့်မပြုပါဘူး"ဟု ဌာနမှူးကဆက်လက် ပြောသည်။

ယခုနှစ်တွင် အသေးစားရေစုပ်စက် သုံးမည့်သူများအတွက် ရေစုပ်စက် တစ်လုံး ကျပ် ၅၀,၀၀၀ ပေးဆောင်ရမည် ဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သော နှစ်သင်္ကြန်၌ ရေစုပ်စက် အသေးစားများ လျှောက်ထားမှုမှာ ကျုံးအရှေ့ဘက်တွင် သုံးဦး၊ ကျုံးအနောက်ဘက်တွင် ၁၀၄ ဦး၊ ကျုံးမြောက်ဘက်တွင် ၃၀ ဦးနှင့် မြို့တွင်း တွင် တစ်ဦးရှိခဲ့ ပြီး စုစုပေါင်း ၁၃၈ ဦး လျှောက်ထားကာ ရေကစားခဲ့သည်။

ပြီးခဲ့သော မတ်လဆန်း၌ ကျုံးရေ နည်း သွားသော်လည်း ၂၈ ရက် တိုင်းတာချက် အရ ကျုံးရေအမှတ်မှာ ၈ ဒသမ ၅ အထိ ပြန်မြင့်တက် လာကြောင်းသိရသည်။

ပြီးခဲ့သောနှစ် သင်္ကြန်အကြိုနေ့တွင် ကျုံး ရေ အမှတ်မှာ ၈ ဒသမ ၄ ရှိခဲ့သည်။ ၂၀၁၁ ခုနှစ် သင်္ကြန်လေးရက်အတွင်း ကျုံးရေ အသုံးပြုမှုမှာ ၅၂ ဒသမ ၅ သန်း ထိရှိခဲ့သည်။

Source by :myanmar.mmtimes.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။