Home » , , » မင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ သံချပ်အဖွဲ့

မင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ သံချပ်အဖွဲ့

Written By မောင်စေတနာ on Saturday, April 14, 2012 | 9:52:00 AM

သံချပ် တိုက်နေကြတဲ့ ကိုမင်းကိုနိုင်နှင့် ၈၈ မျိုးဆက် ကျောင်းသား များအဖွဲ့ (ဓာတ်ပုံများ - FaceBook.com/88GenerationStudents )


၈၈ မျိုးဆက်ကျောင်းသားများဖြစ်ကြတဲ့ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ သင်္ကြန်သံချပ်အဖွဲ့ဟာ မနက်ဖြန် ဧပြီလ ၁၄ ရက်နေ့မှာ လှည့်လည်ဖျော်ဖြေမှာဖြစ်ပါတယ်။

ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက်ကျောင်းသားများဟာ အချိန်တိုအတွင်း သံချပ်နဲ့ လှည့်လည်ဖျော်ဖြေ ဖို့ စီစဉ်လိုက်ပါတယ်တဲ့။

“သံချပ်တွေမပါဘဲနဲ့တော့ သင်္ကြန်ဟာ မပြည့်စုံဘူး” ဆိုတဲ့ သင်္ကြန်မင်းသားဟောင်း သံချပ်သမား ကိုမင်းကိုနိုင် ခေါ် ကိုပေါ်ဦးထွန်းရဲ့ သံချပ်လက်ရာများကို ကြည့်ရှု့ခံစားရတော့မှာလည်းဖြစ်ပါတယ်။

အကျဉ်းထောင်များထဲ၌ နှစ်များစွာ ဖြတ်သန်းခဲ့ရသည့် ကိုမင်းကိုနိုင်သည် သင်္ကြန် ကာလများရောက် တိုင်း ထောင်နံရံများ နှင့် စိတ်နှလုံးသား နံရံများပေါ်တွင်သာ သင်္ကြန် သံချပ်များကို ကြိမ်ဖန်များစွာ ရေးဖွဲ့ သရုပ်ဖော်ရင်း ဖြတ်သန်းခဲ့ရသူ အခု တော့ ပြည်သူ့ရင်ခုန်သံတွေကို ဘယ်လို တင်ပြမလဲဆိုတာ ရှု့စားကြရတော့မှာပါ။


အမြည်းလေး အဖြစ် ဒါလေးကို ခံစားထားနှင့်နော်။

သူများအကြောင်းလည်း မပြေတတ်ပါ၊
ဒို့ရင်ထဲမှာ ကလိကလိ။
ပြောမှသိလို့ ထိမှနာ၊
ဒို့ရင်ထဲမှာ မချိချိ။
ဒို့ပြည်တော်ကြီး သာစေချင်၊
အကျင့်ဆိုးတွေ ပြင်ကြပြင်ကြ။
ဒို့ပြည်သူက အစိုးရပါ၊
အစိုးရဆိုတာ ပြည်သူ့ဝန်ထမ်း။
ဒီစိတ်ဓါတ်လေး မွေးစေချင်၊
ပြည်သူ့ရင်ခွင် ခိုကြခိုကြ။

မြိုင်မြိုင်ဆိုင်ဆိုင် ၈၈ ရုံးခန်းမှာ

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။