Home » , , » ၂၀၁၂ မဟာသင်္ကြန် အကျနေ့ သတင်းနှင့် မြင်ကွင်းများ

၂၀၁၂ မဟာသင်္ကြန် အကျနေ့ သတင်းနှင့် မြင်ကွင်းများ

Written By မောင်စေတနာ on Saturday, April 14, 2012 | 11:03:00 AM

tg2-1

tg2-4

သင်္ကြန်အကျနေ့တွင် ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီးလမ်းအပါအ၀င် ရန်ကုန်မြို့တွင်းတွင် နံနက်ခင်းပိုင်း ကပင် ရေပက်ခံကားများ၊ မဏ္ဍပ်များတွင် ရေကစားသူများနှင့် ရေပက်ခံသူများဖြင့် စည်ကားခဲ့သည်။

ရန်ကုန်မြို့တွင်းအပြင် ဆင်ခြေ ဖုန်းရပ်ကွက်များတွင်လည်း စက်ဘီးများဖြင့် ရေပက်ခံထွက်သူ များ၊ လမ်းလျှောက်ရေပက်ခံထွက်သူများ၊ ကားဖြင့် ရေပက်ခံထွက်သူများဖြင့် လည်းစည်ကားခဲ့သည်။

ကန်တော်ကြီး မျှော်စင်ကျွန်း အတွင်း၌ Iron Cross အဖွဲ့မှ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်းဝိုင်းတို့၏ ဖျော်ဖြေ မှုနှင့်အတူ ကန်တော်ကြီးအတွင်း၌ ရေကစားသူများ၊ အနားယူသူများဖြင့်လည်း များပြားခဲ့သည်။

tg2-2

"ကျွန်တော်တို့ မနက်က ပြည်လမ်းပေါ်က မဏ္ဍပ်တွေဆီကိုသွားတာ မနက်ကတည်းကစပြီး အဲပုဂံနဲ့ Alpine မဏ္ဍပ်ကိုမရောက်ခင် IBCမရောက် ခင်အထိ လမ်းပေါ်မှာ ကားတွေ ပိတ်နေတယ်။ ဒါနဲ့ ပြန်လှည့်ပြီး ကမ္ဘာအေးစေတီလမ်း ဘက်ကိုသွားခဲ့တယ်။ အဲဒီမှာလည်း Naing Group မဏ္ဍပ်ရှေ့မှာ အချိန်တော်တော်ကြာအောင် စောင့်ခဲ့ရတယ်။ ဒီနှစ်သင်္ကြန်အကျ နေ့မှာတော့ အကြိုနေ့ထက် ပိုပြီးစည် ကားခဲ့ပြီး သာသာယာယာ နဲ့ပဲ ပြီးဆုံးခဲ့ပါတယ်"ဟု သင်္ကြန်တွင်း ကားဖြင့် ရေပက်ခံထွက်သူလူငယ် တစ်ဦးက ပြောပါသည်။

အဲပုဂံမဏ္ဍပ်၊ Alpine မဏ္ဍပ်များရှိရာ ပြည် လမ်းတွင် မဏ္ဍပ်လုံခြုံရေးအပြင် သက်ဆိုင်ရာတာဝန်ရှိသူများက လုံခြုံရေးပိုမိုထမ်းဆောင်ခဲ့ကြသည်ကို တွေ့ရသည်။ သင်္ကြန်အကျနေ့တွင်လည်း မေတ္တာ၊ ကုသိုလ်၊ ဗေလုဝတို့ဦးဆောင်သော သာဓုပါဗျာ သံချပ်အဖွဲ့သညှ်SKy Net မဏ္ဍပ်၊ Lucky 7 မဏ္ဍပ်တို့တွင် အနှစ်နှစ်ဆယ်ကျော်ပျောက် ဆုံးနေသော သံချပ်များကိုဖြေဖျော်ခဲ့သည်။ ထိုသံချပ်တွင် လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသော အကြောင်းအရာများကို ထည့်သွင်းသီ ဆိုခဲ့ကြသည်။

tg2-5

"မြန်မာပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခကိုဟာသနှောပြီး သင်္ကြန်မှာ တစ်နှစ်တခါ သံချပ်တိုက် ပြောပြတဲ့ သဘောပါ။ ပြီးတော့နောင်မျိုး ဆက်သစ်လူငယ်တွေကို သံချပ်ဆို တာဒီလိုထိုးရတယ်ဆိုတာပြချင်တဲ့ သဘောပါပဲ"ဟု သာဓုပါဗျာအဖွဲ့မှ ကုသိုလ်ကပြောပါသည်။ ထို့အပြင် အချို့မဏ္ဍပ်များတွင် လည်း စတုဒိသာကျွေးမွေးခြင်းများ ပြုလုပ်ခဲ့ကြသည်။

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။