Home » , , » မြန်မာ တရာကျော် နယ်စပ်မှာ ရှင်ပြု ရဟန်းခံ

မြန်မာ တရာကျော် နယ်စပ်မှာ ရှင်ပြု ရဟန်းခံ

Written By မောင်စေတနာ on Saturday, April 14, 2012 | 8:44:00 AM

ဓာတ်ပုံများ - ဧရာဝတီ

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ဒေသမှာ ရောက်ရှိနေကြတဲ့ မြန်မာအလုပ်သမားတွေရဲ့ စုပေါင်းရှင်ပြုရဟန်းခံ အလှူတော်ပွဲကို ကြာသပတေးနေ့က မဲဆောက် တောရဘုန်းတော်ကြီးကျောင်းမှာ စတင် ပြုလုပ်ခဲ့ပြီး မြန်မာအလုပ်သမားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ စုစုပေါင်း ၁၅၀ ခန့် သာသနာ့ဘောင် ၀င်ရောက်ခဲ့ကြပါတယ်။

ဒီအလှူတော်ကို မဲဆောက်မှာအခြေစိုက်တဲ့ ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း PVA နဲ့ ဒေသခံတွေကနေ ကမကထပြု ပြီး စုပေါင်း ကုသိုလ်ပြုခဲ့ကြတာ ဒီနှစ်ပါ ဆိုရင် ၄ ကြိမ်ရှိသွားပြီလို့ တောရကျောင်းရဲ့ဆရာတော်က ဧရာဝတီသတင်းဌာနကို မိန့်ကြားခဲ့ပါတယ်

ဒီနှစ်သင်္ကြန်မှာတော့ ရဟန်း ၇၄ ပါးနဲ့ သာမဏေ ၆၈ ပါးဖြစ်ပါတယ်။

တနယ်တကျေးကို ရောက်နေကြပြီး ဆင်းရဲချို့တဲ့ကြသူတွေ အတွက် ဒီအလှူတော်ကို ကျင်းပပြုလုပ် ပေးတာဖြစ်တယ် လို့လည်း ဆရာတော်က ဖြည့် စွက်မိန့်ကြားပါတယ်။





Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။