Home » , » မဲဆောက်မြို့က လမ်းလျှောက်နည်း၊ စက်ဘီးစီးနည်း သင်တန်း

မဲဆောက်မြို့က လမ်းလျှောက်နည်း၊ စက်ဘီးစီးနည်း သင်တန်း

Written By မောင်စေတနာ on Sunday, April 29, 2012 | 9:21:00 AM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieEylhCSYxUE1W5H3Jkxw5EuqNJGoAYKhX_GyXOoKTtiFVr0FaLVdLwk8p0BwHTRzxM3GKDmA6_tvavChnKtHzIKP8Q3sqVJxVu5XdZnLXmLtnWgWVP4o6Ou2dR5ieBgZq8jiFmOcoLBU/s400/DSC06107.JPG

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့က ပညာပေး အစီအစဉ် (ဓာတ်ပုံများ- ပြည်တော်မြင့်)

သင်တန်းများ ဗွက်ပေါက်အောင်ထနေသည့် ရန်ကုန်မြို့တွင်ပင် ဤသင်တန်းများ ရှိမည်မထင်။

ဟုတ်သည်၊ ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့တွင် လမ်းလျှောက်နည်း၊ စက်ဘီးစီးနည်းကို အခမဲ့ ပို့ချပေးနေသည်။

မြန်မာပြည်သား အများအပြား နေထိုင်ကြသည့် မဲဆောက်တွင် ယာဉ်စည်းကမ်း မလိုက်နာသောကြောင့် နေ့စဉ် ဖမ်းဆီးခံရသည့် စက်ဘီးအရေအတွက်မှာ ၁၀၀ အထက်တွင် ရှိနေသည်ဟု နယ်မြေခံရဲတပ်ဖွဲ့က ဆိုသည်။

စည်ကမ်းဖောက်မှုကြောင့် လစဉ် မြန်မာအလုပ်သမား ၂ ဦးခန့် သေဆုံးပြီး ဒဏ်ရာ အပြင်းအထန် ရသူ ၁၀ ဂဏန်းအထက် ရှိနေသည် ဆိုသောကြောင့် ဤ ပညာပေး အစီအစဉ်က အမှန်တကယ် လိုအပ်နေသည်။

ယမန်နေ့က မဲဆောက်တွင်ပြုလုပ်ခဲ့သည့် ပညာပေးမှုတွင် လမ်းဖြတ်ကူးခြင်း၊ တလမ်းမောင်း နှစ်လမ်းမောင်း ယာဉ်စည်းကမ်းများ၊ စက်ဘီး၊ မော်တော်ဆိုင်ကယ်စီးနင်းခွင့် မရှိသည့်နေရာများ စသည့် လမ်းစည်းကမ်းချက်များကို ရှင်းလင်းမှုများ၊ လက်တွေ့လုပ်ဆောင်စေ သည့် အစီအစဉ်များ ပါဝင်သည်ကို တွေ့ရသည်။

”ဆွေးနွေးပွဲမှာပါရှိတဲ့ ထိုင်း ယာဉ်စည်းကမ်း ဥပဒေအရ ဆိုရင် တလမ်းမောင်းမှာ စက်ဘီးကို ပြောင်းပြန်စီးခဲ့ရင် အတိုက်ခံရတဲ့အပြင် ကိုယ်ကတောင် တဘက်ယာဉ်ရဲ့ ပျက်စီးဆုံးရှုံးမှုတွေကိုပြန်လျှော်ရဘို့ရှိတယ်ဆိုတာသိရတယ်“ မယ်ပအထည်ချုပ်စက်ရုံမှမလဲ့လဲ့ က ပြောသည်။

သတိထားရမဲ့အချက်တွေက တန်ဘိုးရှိပါတယ် ဟု သူက ဆက်ပြောသည်။

ထိုင်းယာဉ်ထိန်းရဲဌာန နှင့် ထိုင်းရှေ့နေများကောင်စီ ဥပဒေအထောက်အကူပြု ဌာန တို့ ပူပေါင်းပြီး သင်တန်းပေးခဲ့ကြခြင်း ဖြစ်သည်။

ယမန်နေ့က အစီအစဉ်သည် ပထမအကြိမ်ဖြစ်ပြီး အလားတူ အစဉ်အစဉ်များကို မြန်မာအလုပ်သမားများအတွက် တလအကြိမ် ပုံမှန် လုပ်ပေးရန်ရှိသည်ဟု မဲဆောက် အခြေစိုက် ဥပဒေအထောက်အကူပြုဌာနမှ စောကိုထွေးက ပြောသည်။

မဲဆောက်တွင် ယာဉ်ထိန်းရဲများက အလုပ်ကြိုးစားကြသည်။ ၀ီစီသံတချက်ထွက်လျင် စည်းကမ်းဖောက်သူ၏အိတ်ထဲမှာ ရာတန်များ ခုန်ထွက်လျက်ရှိသည်။

စက်ဘီး လမ်းပြောင်းပြန်မောင်းခြင်းကဲ့သို့သော အမှုအတွက် ဒဏ်ကြေးငွေမှာ ဘတ် ၂၀၀ ဖြစ်သည်ဟု မဲဆောက်မှ ယာဉ်ထိန်းရဲ တပ်ကြပ်ကြီး နိုင်ဖိစင်က ဧရာဝတီသတင်းဌာနသို့ ပြောသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သိန်းခန့်ရှိသည့် မဲဆောက်မြို့နယ်တွင် ယမန်နေ့က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးရေးအစီအစဉ်သို့ တက်ရောက်လာသူ အလုပ်သမား ၇၀ ခန့်ကို တွေ့ရသည်။

နောင်တွင် ဖြစ်ပေါ်လာဖွယ်ရှိသည့် ပညာပေးအစီအစဉ်များသို့ တက်ရောက်ခြင်းဖြင့် ဒဏ်ရိုက်ခံရသည့်ဘေး၊ ယာဉ်မတော်တဆဖြစ်မှုဘေးတို့မှ ပို၍ပို၍ ကင်းဝေးလာကြဖွယ်ရှိသည်။

Source by :http://www.irrawaddyblog.com/2012/04/blog-post_5830.html
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။