Home » , » ဘင်လာဒင် ဇနီးများ ဆော်ဒီသို့သွား

ဘင်လာဒင် ဇနီးများ ဆော်ဒီသို့သွား

Written By မောင်စေတနာ on Sunday, April 29, 2012 | 10:01:00 AM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5OYwERM8hXt6Za3c9v4otMQrZJrxcqundSQF8vPKYDXBfm2xgveplrRbBYyN5o48t5SyjTxZ1moPMIPCbROTCO2W67Aq5L0vS3khO4vXqJ484nVTUKaLXIqEfMfhx2-qrfGMQPvCLZjs/s400/00w221pp.jpg

ဘင်လာဒင်၏ ဇနီးများအနက် အငယ်ဆုံး၊ ဘင်လာဒင် အချစ်ဆုံးဟု ထင်ရှားသော ယီမင်သူ Amal Ahmed Abdulfattah

မကြာသေးမှီ ကာလက အမေရိကန် အထူးတပ်ဖွဲ့၏လက်ချက်ကြောင့် သေဆုံးသွားသူ အိုစမာဘင်လာဒင်၏ မိသားစုဝင်များကို တရားမ၀င် နေထိုင်မှုဖြင့် ပါကစ္စတန်တွင် ဖမ်းဆီးထားရာမှ
ယ္ခုအခါတွင် ထိုမိသားစုဝင်များကို ဧပြီလ ၂၇ ရက်နေ့က လေကြောင်းဖြင့် ဆော်ဒီအာရေဗျ နိုင်ငံသို့ ပို့ဆောင်လိုက်သည်။

ဘင်လာဒင် သေဆုံးပြီးနောက်ပိုင်းတွင် ဇနီး ၃ ဦးနှင့် အခြားမိသားစုဝင်များကို ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ်မာဘတ်ရှိ နေအိမ်တစ်ခုတွင် ပါကစ္စတန်အစိုးရက အကျယ်ချုပ်ချခဲ့ခြင်း ဖြစ်သည်။

ဆော်ဒီက ၎င်းတို့အား လူသားချင်းစာနာမှုအရ လက်ခံထားကြောင်း ဇနီး ၃ ဦးအနက် ၂ ဦးမှာ ဆော်ဒီနိုင်ငံသူများဖြစ်ပြီး ကျန် တဦးမှာ ယီမင်နိုင်ငံသူဖြစ်သည်ဟု ဆိုသည်။

ဆောဒီသို့ ရောက်လာသူများထဲတွင် ဘင်လာဒင်၏ သားသမီး ၁၀ ဦးလည်း ပါဝင်သည်ဟု သတင်းများတွင် ရေးသားထားကြသည်။

ပါကစ္စတန်ရှိ ယီမင်သံအမတ်ကြီး Abdu Abdulrahman က "သောကြာနေ့မနက်ပိုင်းကပဲ ဘင်လာဒင်မိသားစုဝင်တွေ ဆော်ဒီကို ရောက်သွားကြပါပြီ။ ဘင်လာဒင်မိသားစု စီစဉ်တဲ့ သီးသန့်လေယာဉ်နဲ့ သွားကြတာပါ" ဟု ဆိုသည်။

ကာသပတေးနေ့က ဘင်လာဒင်မိသားစု လေဆိပ်သို့ အသွား တွေ့ရသည့် မြင်ကွင်းများ (ဓာတ်ပုံ - AP)

လေဆိပ်ဆင်းသည့် မိသားစုအား ဓာတ်ပုံရိုက်နေသည့် စာနယ်ဇင်းသမားများ (ဓာတ်ပုံ - AP)

ဘင်လာဒင် နောက်ဆုံး နေထိုင်သွားသည့်အိမ်။ ထိုအိမ်ကို အမေရိကန်အထူးတပ်ဖွဲ့က ၀င်ရောက်တိုက်ခိုက်ခဲ့သည်။ (ဓာတ်ပုံ - AP)

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။