Home » , » ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၂၉)

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၂၉)

Written By မောင်စေတနာ on Monday, April 2, 2012 | 1:50:00 AM



မဲရုံအများပြားတွင် မဲမသမာမှုများဖြစ်နေသောကြောင့်အဖွဲ့ချုပ် ဗဟိုအောင်နိုင်ရေး အဖွဲ့ကပြည်ထောင်စု ကော်မရှင်အား အကြောင်းကြားစာပို့ခဲ့။ လောင်းလုံမြို့နယ်မှ အဖွဲ့ချုပ်က ကိုယ်စားလှယ် ဦးအောင်စိုးမှာ နေရာအများ အပြားတွင်း အနိုင်ရရှိသွားပြီဟုသိရသည်။


၁။ (၆၇)ရပ်ကွက်မဲရုံရှေ့တွင် ကြံ့ခိုင်ရေးမှ ငွေကျပ်(၃၀၀၀)စီပေးပြီး ၄င်းတို့အားမဲထည့်ပေးရန်စည်းရုံးခဲ့ကြောင်း။
၂။ (၁၃၈)ရပ်ကွက် တွင် ကြံ့ခိုင်ရေးမှ မဲထည့်မည့်သူများအား မဲထည့်ရန် အကြိုအပို့ပြုလုပ်ပေးခဲ့ကြောင်း

၃။ (၉၄)ရပ်ကွက် မဲရုံ(၉)တွင် မဲဆန္ဒရှင်တစ်ဦးက မဲလက်မှတ်တွင်ကော်မရှင်၏တံဆိပ်မပါကြောင်း မဲရုံမှူးအား အသိပေးသော်လည်း မဲရုံမှူးမှ ကိစ္စမရှိပါ ရပါသည်ဟုပြောဆိုပြီး အဆိုပါမဲလက်မှတ်ဖြင့်ပင်မဲပေးခိုင်းခဲ့ကြောင်း။

၎။ (၆၁)ရပ်ကွက် မဲရုံ(၁)တွင် မှတ်ပုံတင်မပါပဲ ကြံ့ခိုင်ရေးကဒ်ပြားဖြင့်မဲပေးလိုသူအား မဲပေးခွင့်ပြုခဲ့ကြောင်း။

၅။ (၈၉)ရပ်ကွက် မဲရုံ(၁)တွင် သေဆုံးသူအောင်မြတ်တင် အမည်ဖြင့် မဲပေးထားကြောင်း၊ ယင်းမဲလက်မှတ်၏ မဲစာရင်း အမှတ်စဉ်မှာ (၈၇၀)ဖြစ်ကြောင်း။

၆။ (၉၉)ရပ်ကွက် မဲရုံ(၃)တွင် မှတ်ပုံတင်မရှိသောကြောင့် မဲမထည့်ရပဲ ပြန်သွားရသူအရေအတွက်မှာ နံနက်(၇း၀၀)နာရီတွင် အယောက်(၅၀)ကျော်ရှိပြီဖြစ်ကြောင်း။

၇။ (၆၈)ရပ်ကွက်တွင် မဲရုံ(၁)ရုံသာရှိကြောင်း။ မဲရုံမှူးမှာလည်း မဲပေးရန်လာရောက်သူအား မဲစာရင်းတွင် ရှာမပေး သဖြင့် ကိုယ်တိုင်ရှာရသောကြောင့် အခက်အခဲကြုံတွေ့ရကာ အချိန်နှောင့်နှေးရကြောင်း။ ယင်းရပ်ကွက်တွင် မှတ်ပုံတင် မပါသောကြောင့် မဲမထည့်ရပဲပြန်သွားရသူ အရေအတွက်မှာ နံနက်(၈း၀၀)နာရီတွင် အယောက်(၁၀၀)ကျော်ခန့် ရှိပြီဖြစ်ကြောင်း

၈။ (၉၃)ရပ်ကွက်တွင် ကြံ့ခိုင်ရေးပါတီမှ စည်းရုံးရေးမှူး စန်းရွှေသည် နံနက်(၈)နာရီခန့်တွင် မြနဒီလမ်းနေ ဒေါ်စောရီမိသားစု၊ ဒေါ်တင်ကြိုင်မိသားစုနှင့် ဒေါ်စန်းကြည်မိသားစုသုံးစုအား ၄င်းကိုယ်တိုင်အိမ်သို့သွားခေါ်ပြီး ကြံ့ခိုင်ရေးအား မဲထည့်ခိုင်းခဲ့ ကြောင်း

၉။ (၉၂)ရပ်ကွက်၊ အောင်မင်္ဂလာလမ်းတွင် မဲရုံနှင့်ကိုက်(၅၀၀)အတွင်း တ.ဆ.ည ပါတီအသင်းဆိုင်းဘုတ် အားမသိမ်းဆည်းပဲထားခဲ့ကြောင်း။

၁၀။ (၈၉)ရပ်ကွက်၊ အ.လ.က(၁)မဲရုံတွင် အာရှနဂါးအထည်ချုပ်မှ စက်ရုံဝန်ထမ်း (၆၀၀)ကျော်ခန့်အနက် (၃၀၀)ခန့်သာမဲပေးခဲ့ရကြောင်း။

၁၁။ (၉၈)ရပ်ကွက်၊ စားအုန်းဆီနှင့်အသားတုစက်ရုံတွင် စက်ရုံမှူး ၀င်းကိုနှင့် မန်နေဂျာ မင်းထက်ပိုင် တို့ပူးပေါင်းပြီး ၀န်ထမ်း(၇၀)ခန့်၏ မှတ်ပုံတင်ကို ကြံ့ခိုင်ရေးအားပေးအပ်ပြီးမဲပေးခိုင်းခဲ့ကြောင်း၊ ယင်းဖြစ်စဉ်မှာနံနက်(၈း၄၀)နာရီခန့်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း။ ယင်းစက်ရုံအနီးအအေးခန်းစက်ရုံ တစ်ခုတွင်လည်း ၀န်ထမ်းများမှာ မဲသွားပေးခွင့်မရကြောင်း။

၁၂။ *** (၉၄)ရပ်ကွက် (စီဘလောက်) (၁၄)လမ်းတွင် မောင်တင်ဦးအသက်(၁၇)နှစ် မဲစာရင်းအမှတ်(၇၆၄)၊ အောင်မြင့်ကို အသက်(၁၂)နှစ် မဲစာရင်းအမှတ်(၇၆၅) တို့သည် အသက်မပြည့်ပဲမဲပေးခဲ့ကြောင်း။ ***

၁၃။ ယုဇနအိမ်ယာ၊ တိုက်(၂၇) အခန်း(၁၀၄)နေ ဒေါ်ဝေေ၀စိုးမှာ မိမိကိုယ်တိုင်မသိရပဲမဲစာရင်း နှစ်ခုဖြစ်နေသဖြင့်မဲ မပေးခဲ့ရကြောင်း။

Myanmar News Now

Source by :http://www.thithtoolwin.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။