Home » , » ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၂၇)

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၂၇)

Written By မောင်စေတနာ on Monday, April 2, 2012 | 1:45:00 AM

"မဲ နှစ်ခါပြန်ပေးသူအား တရားစွဲရန်စီစဉ်နေ"

ဒဂုံဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်ရှိ မဲရုံ အမှတ်(၁)တွင် လူတစ်ဦးတည်းမှ မဲနှစ်ခါပေးခြင်း နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် ပါတီနှစ်ခုမှ ကိုယ်စားလှယ်များက ယင်းကိစ္စကို ဂရုပြုစောင့်ကြည့်ရာ ထပ်မံ၍ မဲနှစ်ခါပြန်လာပေးသူနှစ်ဦးကို တွေ့ရှိသဖြင့် စစ်ဆေးမေးမြန်းရန်ခေါ်ယူရာတွင် တစ်ဦးကထွက်ပြေးသွားကာ ကျန်အမျိုးသမီးကိုသာ ခေါ်ယူထားနိုင်ကြောင်းသိရသည်။

ထိုအမျိုးသမီးကို ကော်မရှင် ဥပဒေ အခန်း(၁၄)ပါအချက်များအရ တရားစွဲဆိုရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။

"သုံးခွမြို့နယ် ကော်မရှင်ရုံးသို့ ဖုန်းဖြင့်တိုင်ကြားမှုများပြား"

မဲပေးရာတွင် အဆင်မပြေမှုများကို သုံးခွမြို့နယ် ကော်မရှင်ရုံးသို့ တရားဝင် စာဖြင့်တိုင်ကြားမှုလုံးဝမရှိပဲ ဖုန်းဖြင့်တိုင်ကြားမှုများပြားလျက်ရှိကြောင်း ယင်းရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

တိုင်ကြားမှုများအနက် မဲရုံနားကပ်၍ မဲဆွယ်ခြင်းကို တိုင်ကြားခြင်းမှာ အများဆုံးဖြစ်ပြီး ယခုကဲ့သို့တိုင်ကြားခြင်းများသည် ၂၀၁၀ ခုနှစ်က ထက် ပိုမိုများပြားကြောင်း အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။

သို့သော် စာဖြင့် တရားဝင်တိုင်ကြားခြင်းမဟုတ်သဖြင့် အရေးယူရန် အကြောင်းမရှိကြောင်းသိရသည်။



"လူရွှင်တော် နှုတ်ခမ်းမွှေး ပါပါလေး"

မနက် (၇) နာရီမှာပဲ NLD ကိုမဲပေးပါတယ်။ NLD ကိုပေးဖြစ်တာက ပြည်သူတွေ စိတ်ချမ်းသာမယ်ထင်လို့ ဦးအုန်းကြိုင် ကိုပေးတာပါ။ ဦးအုန်းကြိုင်ကို မန္တလေးအတွက် လုပ်ပေးစေချင်တာက လွတ်လပ်မှုပေါ့။

လွတ်လပ်စွာ ကိုးကွယ်ချင်တယ်။ ကချင်တယ်။ ရေးချင်တယ်။ လွတ်လပ်ချင်တယ်။ မဲပေးရတာတော့ လွတ်လပ်မှုရှိတယ်။ ကိုယ့်ကို ဘယ်သူမှ မတားဘူး။ မစောင့်ကြည့်ဘူး။ ကိုယ့်နာမည်မှန်လား စစ်ဆေးတယ်။ ကိုယ်ဘောပင်ကိုယ် ယူသွားပြီး အမှန်ခြစ်ခဲ့ပါတယ်”
Popular Myanmar News Journal

Source by :http://www.thithtoolwin.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။