Home » , , » ပြတိုက်ဖြစ်တော့မယ့် သမိုင်းဝင် ၀န်ကြီးများရုံး

ပြတိုက်ဖြစ်တော့မယ့် သမိုင်းဝင် ၀န်ကြီးများရုံး

Written By မောင်စေတနာ on Monday, April 30, 2012 | 12:57:00 PM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit8CI-wYgy0dee5sUhNp4Bp2pel_G3HKVIZKPyGog8KukJAf9cAZcrW0hM2TIMFE6QN2ju8nIEH3dDRe37mHrrBMwau_ijC7iNxpdGbnlFiVOAYaJBZD0lXsJmb-1F1XsHSlufdyEpmRs/s400/stephenbrookes.com+secretariatSQW.jpg

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရတဲ့ ၀န်ကြီးများရုံး (ဓာတ်ပုံ - stephenbrookes.com)

ရန်ကုန်က ရှေးဟောင်း အဆောက်အဦးများထဲက ၀န်ကြီးများရုံးကို ပြတိုက်လုပ်ရန်အတွက် ပြုပြင်ထိမ်းသိန်း မွမ်းမံ ပြင် ဆင်ဘို့ ဒေါ်လဲ့ရည်စိုးနဲ့ အဖွဲ့ကို ရင်းနှီးမြုပ်နှံမှု ကော်မရှင်က ရွေးချယ်ထားတယ်လို့ ဒီကနေ့ သတင်းစာရှင်း လင်းပွဲမှာ ထိုကော်မရှင်ဥက္ကဌ ဦးစိုးသိန်း ကပြောပါတယ်။

သမ္မတနဲ့ လွှတ်တော်ရဲ့ သဘောတူခွင့်ပြုချက်ရတာနဲ့ ပြတိုက်ဖွင့်ခြင်းကို လုပ်ကိုင်ကြတော့မှာဖြစ်ပြီး ရှေးမူမပျက် ပြုပြင် ရမှာဖြစ်သလို ဗိုလ်ချုပ်အောင်ဆန်း ဖယောင်း ရုပ်ထုလည်း ပြုလုပ်ပြသရမယ်ဆိုတဲ့ ခြွင်းချက်ပါရှိကြောင်း သိရပါတယ်။

ဝန်ကြီးများရုံးမှာပဲ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က အင်္ဂလိပ်မျက်နှာဖြူအစိုးရရဲ့ နောက်ကွယ်က ကူညီပေးမှုနဲ့ ဂဠုန် ဦးစောရဲ့ ကြံစည်မှုကြောင့် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ကြီးများ အသက်ပေးသွားခဲ့ရာ သမိုင်းဝင် နေရာလည်း ဖြစ် ပါတယ်။

ယခင်ကိုလိုနီခေတ်က အတွင်းဝန်ရုံးလို့လည်း ခေါ်ခဲ့ကြပါတယ်။ ယခင်ဝန်ကြီးများရုံးကို အသုံးပြုနေစဉ်ကတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ကြီးများ လုပ်ကြံခံခဲ့ရတဲ့အခန်းကို အမြဲ ပိတ်ထားလေ့ရှိပါတယ်။

ဖွင့်ခွင့်ရပြီးခဲ့ရင်တော့ ပြတိုက်ရဲ့ အာဇာနည်ကြီးများ လုပ်ကြံခံရတဲ့ အခန်းဟာ အဓိက ခင်းကျင်းပြသရမယ့် နေရာဖြစ်ပါ လိမ့်မယ်။


Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။