Home » , , » ပထမဆုံး ရေအောက်ကမ္ဘာ ဟိုတယ်

ပထမဆုံး ရေအောက်ကမ္ဘာ ဟိုတယ်

Written By မောင်စေတနာ on Friday, April 20, 2012 | 10:29:00 AM



အလှတရားနှင့်ပတ်သက်ရင် ရေအောက် ကမ္ဘာရဲ့ အလှတရားဟာ အလွန်ထူးဆန်းစွာ အရောင်အသွေးစုံစွာနဲ့ လှပကြောင်း ဖတ်ဖူး ကြားဖူးခဲ့ပါတယ်။



အခုတော့ ဖီဂျီ (Fiji) ကျွန်းစုနိုင်ငံမှာ ရှိတဲ့ ကမ္ဘာ့ပထမဦးဆုံး ရေအောက် ဟိုတယ်ကို၂၀၀၈ စက်တင်ဘာလမှာ ဖွင့်လှစ်ခဲ့ပါ တယ်တဲ့။ The Poseidon Undersea Resort ဟိုတယ် ဖြစ်ပါတယ်။

အဆိုပါ ဟော်တယ်ဟာ ရေအောက်မှာ တည်ဆောက်ထားခြင်းဖြစ်ပြီး ကြယ်ငါးပွင့် အဆင့်ထဲမှာပါရှိပါတယ်။ တည်းခိုခကတော့ တစ်ပတ်ကို အမေရိကန်ဒေါ်လာ ၃ သောင်း ကုန်ကျမှာ ဖြစ်တယ်လို့ သိရပါတယ်။



ရေအောက်ကမ္ဘာက ထူးဆန်းတဲ့ အလှအပတတွေကို ရှု့စားနိုင်မယ့် ဒီဟော်တယ်ဟာ ပင်လယ် ရေမျက်နှာပြင်အောက် ဘယ်လာက်မှာ တည်ရှိတယ်ဆိုတာ ရှင်းလင်းစွာ မသိရပါဘူး။ ထူးဆန်းတဲ့ ခံစားမှုကို မက်မောသူများအတွက် အဆိုပါဟော်တယ်က ထူးခြားမှု တချို့ကို ပေးစွမ်းနိုင်ပါလိမ့်မယ်။

ဟိုတယ်ဝက်ဆိုက် http://www.poseidonresorts.com/poseidon_main.html ကို ၀င်ကြည့်တာတောင် ရေအောက်ရောက်သွားသလို နည်းနည်း ခံစားမိသလို ပါပဲ လို့ ညွှန်းလိုက်ပါတယ်။

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။