အိပ်ငိုက်၊ မျက်လုံးစင်းနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ မျက်လုံးကျယ်သွားနိုင်ပါတယ်။ အမတ်မင်း တယောက် လွှတ်တော်ထဲ မိန့်ခွန်းချွေနေတုန်း လွှတ်တော်ဥက္ကဋ္ဌဘေးက ပိတ်ကားမှာ အမျိုးသမီးတယောက်ပုံ ပေါ်လာပါတယ်။
အာရှသူ ခပ်ငယ်ငယ် အမျိုးသမီး အင်္ကျီဖြူကို သပ်သပ်ယပ်ယပ် ၀တ်ထားတယ်။ ဒါပေမယ့် အောက်ပိုင်းဗလာ လို့ ဆိုတယ်။ အမတ်မင်းတွေ မျက်လုံးပြူးသွားနိုင်တာပေါ့။
အဲဒီပုံက သုံးကြိမ်တိတိ ပေါ်တယ်လို့ ဆိုတယ်။ တကြိမ်ကို ၅ စက္ကန့်လောက် ကြာမယ် တဲ့။ နေ့ခင်း ၃ နာရီ ပျင်းစရာကောင်းတဲ့ လွှတ်တော်ဆွေးနွေးခန်းအလယ်တည့်တည့်မှာ ပေါ်လာတာပါ တဲ့။ သင့်တော်တဲ့အချိန်ပေါ့။
လွှတ်တော်ဝန်းကျင်မှာ ကြိုးမဲ့အင်တာနက်ကွန်ရက် ရှိတယ်၊ မနေ့က လွှတ်တော်ထဲ အလည်လာသူ တယောက်ယောက်က ဒီကွန်ရက်ထဲ ၀င်ပြီး လက်ဆော့သွားပုံရတယ်လို့ အောက်လွှတ်တော် ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ်က ရှင်းပါတယ်။
သူက အောက်လွှတ်တော်အဆောက်အအုံရဲ့ ရုပ်သံစနစ် စောင့်ကြည့်ရသူပါ။ သူ့တပည့်တွေလက်ချက်တော့ မဟုတ်ကြောင်း သူက ငြင်းပါသတဲ့။ သြော် ... ဒီလိုဖြစ်ရပ်မျိုး ရှိသကိုး။

the intrusion may have come from the outside and that Parliament still didn't have a security system in place to prevent this kind of attack.
ဆိုပြီး အောက်လွှတ်တော်ဥက္ကဋ္ဌက ပြောတယ် တဲ့။ ဘာသာပြန်ရရင် - (လွှတ်တော်အဆောက်အအုံ) အပြင်ဘက်က လုပ်လိုက်ပုံ ရပါတယ်၊ လွှတ်တော်မှာတော့ ဒီလို တိုက်ခိုက်မှုမျိုးကို ကာကွယ်နိုင်ငံ လုံခြု့ရေးအစီအစဉ် မရှိသေးပါဘူး တဲ့။
Source by :http://www.irrawaddyblog.com/
0 comments:
Post a Comment