Home » , , » ကင်ဆာ ကာကွယ်ရေး (ကျန်းမာရေး)

ကင်ဆာ ကာကွယ်ရေး (ကျန်းမာရေး)

Written By မောင်စေတနာ on Friday, April 20, 2012 | 4:36:00 PM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2033Is_SgnP8QnZo_zGeYMvvlhdnd-Aq-tnbukuUz1OFFtnjiZdyl0GRXybwuhjYjW3sUSPhW5BM63ND-aORwB4pl9z9kymrpN-NcCcnK4JQ8tSRibpj58vBfBJRA_KEsYLD7r2XThqQ/s400/1.jpg
(ဓာတ်ပုံ - သီရိရတနာ)

ကင်ဆာ ရောဂါဆိုတာ လူဘ၀မှာ သုဿန်လက်မှတ်လို လူတွေ အလွန် ကြောက်တတ်တဲ့ ရောဂါတခုဖြစ်ပြီး ကုရာ ဆေးလည်း အခုထိ မည်မည်ရရ ပေါ်တာ မကြားဖူးသေးပါဘူး။

တချို့ ကင်ဆာရောဂါကို ကာကွယ်ဖို့ ဆေးဝါး ဆိုတာကလည်း အလွန်ဈေးကြီးပါတယ်။

အခုတော့ ကမ္ဘာမှာ ဈေးအပေါဆုံး ကင်ဆာ ကာကွယ်နည်း ဆိုပြီး Jin Li Chao ဖေ့စ်ဘုတ် စာမျက်နှာပေါ် တွေ့လိုက်ရတာကို ပြန်ပြောပြရမယ် ဆိုရင် -

ဆေးနည်းကလည်း အလွန် လွယ်ပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီကိုစားပါ တဲ့။

ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ဟာ မြန်မာ့ဆေးကျမ်းအရ “ဂမုန်း”မျိုးနွယ်ဖြစ်ကြောင်းလည်း သိရပါတယ်။

ဂမုန်း မျိုးနွယ်တွေဟာ လူ့အတွက် အလွန်ဆေးဘက်ဝင်တာတွေကို ဖော်ပြတာ တွေ့ပြီး. အခု ပညာရှင်များရဲ့ တွေ့ရှိချက် တွေနဲ့ လည်း ကိုက်ညီတာကြောင့် အံ့အားသင့်စရာဖြစ်မယ်ထင်ပါတယ်။

ကြက်သွန်ဖြူ မှာ anti-oxidation ကင်ဆာကို ကာကွယ်နိင်တဲ့ ဓါတ်တမျိုးရှိကြောင်း၊ အဲဒီဓါတ်က ကင်ဆာကို ဖြစ် စေနိုင်တဲ့ nitrite နိုက်တြိုက် ကို လျော့ပါးစေတဲ့ အကြောင်း၊ ကြက်သွန်ဖြူ စားတဲ့သူက ၆၀% က အစာအိမ် ကင်ဆာ မဖြစ်နိင်တာတွေ့ရကြောင်းတွေကိုလည်း ရေးထားတယ်။

ကြက်သွန်ဖြူကို ထောင်းလို့ ကြေသွားတဲ့အခါ ပြင်ပ လေထုထဲက အောက်စီဂျင်နဲ့ထိ တွေ့ပြီးမှ ကြက်သွန်အဆီ ကို ရ ပါတယ် တဲ့။

အပူလွန်ရင်လဲ အာနိသင် ပျက်တတ်ကြောင်းနဲ့ အဓိက ဆိုလိုတာကတော့ လေထုထဲက အောက်ဆီဂျင်နဲ့ ထိတွေ့ဖြစ်ပေါ်လာတဲ့ ကြက်သွန်အဆီကသာ ကင်ဆာဖြစ်ခြင်းကို ကာကွယ်နိုင်တယ်ဆိုတာကြောင့် အကောင်းဆုံးက တော့ ဘာမှ ကြော်၊ လှော်၊ အပူပေးတာ မလုပ်ပဲ အစိမ်းစားသင့်ကြောင်း၊ ထုခြေပြီးသော်လည်းကောင်း တနည်းနည်းနဲ့ သဘာဝအတိုင်း စားတာသာ ကောင်းပါကြောင်း သိရပါတယ်။

ဒီကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို ကြော်လိုက်တဲ့အခါ အပူလွန်သွားတာကြောင့် အာနိသင်လည်း မရှိတော့ဘူးလို့ ဆို ထားပါတယ်။

လက်ဖက်၊ မန်ကျည်းရွက်၊ ကြောင်လျှာသီး၊ မြင်းခွာရွက် စတဲ့ စတဲ့ အသုပ်တွေ လုပ်စားတဲ့အခါ ကြက်သွန်ဖြူ၊ ကြက်သွန်နီ အစိမ်း ထည့်စားကြပါတယ်၊ ဒါတွေ လုပ်စားမယ် ဆိုရင် အစာလည်းဆေး၊ ဆေးလည်းအစာ ဖြစ်ပါလိမ့် ဆိုတဲ့အကြောင်း ရေးသားလိုက်ရပါတယ်။

Jin Li Chao ၏ ဖေ့စ်ဘုတ်ကို မှီငြမ်းရေးသားသည်။

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။