ဧပြီ ၁၊ ၂၀၁၂၊ ၂၀း၂၈ (YPI) ဆိုင်းဆွတ်
ဇမ္ဗူသီရိမြို့နယ်တွင် မဲရုံ ၃၆ ရုံရှိသည့်အနက် ၂၇ ရုံတွင် NLD အနိုင်ရရှိခဲ့ပြီး မဲကွာဟမှု ငါးထောင်ကျော်ဖြင့် ကြံ့ခိုင်ရေးပါတီကို အနိုင်ရခဲ့သည်။
မဲပေးခွင့်ရှိသူ ၅၃,၂၆၁ ဦးရှိသည့်အနက် NLD က ၂၂,၄၃၇ မဲ၊ ကြံ့ခိုင်ရေးပါတီက ၁၆,၆၆၀ မဲရရှိခဲ့သည်။ ကျန်မဲပေါင်း ၁၄,၀၀၀ ကျော်မှာ ပဲမယ်များနှင့် အချို့မှာမဲမပေးကြသူများဖြစ်သည်။
မဲပျောက်၊ မဲထပ်၊ မဲစာရင်းထဲတွင် နာမည်ရှာမတွေ့ခြင်းများကြောင့် ဒေသခံအများစု မဲမထည့်ခဲ့ရကြောင်း ဒေသခံများကပြောသည်။
“မဲစာရင်းတွေကို စနစ်တကျမထားဘူး။ ရှာမတွေ့တော့ မဲရုံကိုပြောတော့ မဲစာရင်းစာအုပ်လိုက်ထုတ်ပေးတယ်။ လူတွေအများကြီးကြားထဲမှာ ကိုယ့်နာမည်ရှာမတွေ့တော့ စိတ်မရှည်ဘဲပြန်သွားတဲ့သူတွေအများကြီး” ဟု ရွှေကြာပင်ရပ်ကွက်မှ ဒေသခံတစ်ဦးကပြောသည်။
၎င်းကျေးရွာမှ ၄၀ ဦးခန့် စာရင်းပျောက်နေသောကြောင့် မဲမပေးခဲ့ရဟုဆိုသည်။ ၎င်းမြို့နယ်အတွင်းမှ အခြားကျေးရွာများတွင်လည်း မဲစာရင်းမပါခြင်း၊ မဲစာရင်းထပ်နေခြင်းများကြောင့် မဲမပေးခဲ့ရသူများစွာရှိသည်ဟု ဒေသခံများကပြောသည်။
၎င်းမဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့သည့် NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက “ ဒီရွေးကောက်ပွဲဟာ ပြည်သူတွေရဲ့အဆုံးအဖြတ်ပါပဲ။ မဲထည့်ပေးတဲ့ ပြည်သူတွေကို အရမ်းကျေးဇူးတင်ပါတယ်” ဟု ပြောသည်။
NLD စည်းရုံးရေးဆင်းစဉ်က နေပြည်တော်အတွင်းသို့ ၀င်ခွင့်မပြုခဲ့သည့် ရွှေဒေါင်းရုပ်ကြီးကို မန္တလေးမှ နေပြည်တော်သို့ ယူဆောင်ပြီး အောင်ပွဲခံနိုင်ရန် သီရိလေးမြို့နယ်မှ ကိုယ်စားလှယ်များကတောင်းဆိုသွားမည်ဟု ၎င်းကပြောသည်။ ။
------------------------------------------------
နေပြည်တော် မဲရလဒ် များ
ဧပြီ ၁ ရက်၊ ညနေ ၇ နာရီ ၅၈ မိနစ်၊ YPI
ဥတ္တရ သီရိမြို့နယ်မှာ မဲရုံ ၄၉ ရုံအနက် ၄၄ ရုံရေတွက်ပြီး အရ ဦးမင်းသူက မဲအရေအတွက် ၇ ထောင်ကျော်အသာရနေကြောင်း၊ ကျန်တဲ့နေရာ မှာ အနိုင်ရနိုင်တယ်လို့ ဦးမင်းသူရဲ့ ကိုယ်စားလှယ်က YPI သို့ပြောသည်။
ပုပ္ဗသီရီမြို့နယ်တွင်လည်း မဲရုံ ၈၂ ရုံအနက် ၅၀ ကျော်ရေတွက်ပြီးနောက် ဦးဖြိုးဇေယျာသော်က မဲ ၄ ထောင်ကျော် အသာရနေသည်ဟု ဦးဖြိုးဇေယျာသော်၏ ကိုယ်စားလှယ် ကိုအောင်အောင်က YPI သို့ ပြောသည်။
YPI
-----------------------------------------
ပုသိမ်တွင် ဒီချုပ် နိုင်ခြေများနေဟု ပုသိမ်မြို့ ဒီချုပ် အောင်နိုင်ရေး အဖွဲ့ဝင်များက ပြော။
ဧပြီ ၁ ၊ ၂၀၁၂၊ ည ၇ နာရီ ခွဲ
ယခုချိန်ထိ ရေတွက်ပြီးသမျှမဲများအရ ပုသိမ်မြို့တွင် ဒီချုပ် မှ အောင်နို်င်ရေး အဖွဲ့ဝင်များက ပြောသည်။ ရာခိုင်နှုန်း ၇၀ ၀န်းကျင်ရထားပြီဟု ၀င်လာသည့် စာရင်းများကို ကိုးကားကာပြောဆိုသည်။
အခြားသိရှိရသည့် မဲဆန္ဒနယ်များမှာ မြောင်းမြတွင်လည်း ဒီချုပ်နိုင်ရန် သေချာသလောက်ရှိနေသည်ဟု YPI သတင်းထောက်က သတင်းပေးပို့သည်။
YPI
------------------------------
ဧပြီ ၁၊ ၂၀၁၂၊ ၁၉း၃၁ (YPI)
ကလောမြို့နယ် ရွေးကောက်ပွဲကော်မရှင်က ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော ပါတီကိုယ်စားလှယ်များကို ညစာဖြင့်တည်ခင်းဧည့်ခံမည်ဟုဆိုသ
ကျားဖြူပါတီ ၊ PNO၊ NLD နှင့် ကြံ့ခိုင်ရေးပါတီများမှ ကိုယ်စားလှယ်များဝင်ရောက်ယှဉ်ပြ
မဲပြားများလိုက်လံစုဆောင်းနေပြီ
--------------------------------------
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်
မဲရုံ ၁၀၇ ရုံရှိသည့်အနက် ၉၇ ရုံရေတွက်ပြီးချိန်တွင် NLD ၃၂,၇၇၄ မဲ၊ ကြံ့ခိုင်ရေး ၅၉၈၁ မဲရရှိနေသည်။
မဲရုံ ၁၀၇ ရုံရှိသည့်အနက် ၉၇ ရုံရေတွက်ပြီးချိန်တွင် NLD ၃၂,၇၇၄ မဲ၊ ကြံ့ခိုင်ရေး ၅၉၈၁ မဲရရှိနေသည်။
Yangon Press International
Source by :http://www.thithtoolwin.com/
0 comments:
Post a Comment