Home » » စံရတီမိုးမြင့်နှင့် လတ်တလော စိတ်ကြိုက်ဖက်ရှင်

စံရတီမိုးမြင့်နှင့် လတ်တလော စိတ်ကြိုက်ဖက်ရှင်

Written By မောင်စေတနာ on Wednesday, April 11, 2012 | 11:55:00 AM

e512

ယခုတစ်ပတ် အနုပညာရှင်တို့နှင့် စိတ်ကြိုက်ဖက်ရှင် ကဏ္ဍအတွက် မကြာခင် ကျရောက်တော့မည့် သင်္ကြန်အချိန်အခါ သမယအတွက် ကြိုတင်ရင်ခုန် ခံစားနိုင်မည့် ဖက်ရှင်ကို တင်ဆက်ပေးဖြစ်ပါသည်။ သင်္ကြန်ဖက်ရှင် ရွေးချယ်မှုနှင့်အတူ ပါဝင်ပေးသည့် မော်ဒယ်လ်က အကယ်ဒမီ ဗန်းကိုင်တစ်ဦးအဖြစ် ပါဝင်ခွင့်ရပြီးနောက် ကြော်ငြာနှင့် ဇာတ်ကားများ ဆက်တိုက် ရိုက်ကူးလျက်ရှိသူ မော်ဒယ်လ် စံရတီမိုးမြင့်ပင် ဖြစ်သည်။ စံရတီမိုးမြင့် ရွေးချယ်ခဲ့သည့် စိတ်ကြိုက်ဖက်ရှင်မှာ

ပထမ၀တ်စုံလေးက ပန်းဆီရောင်အင်္ကျီလေးကို အပြာပေါ်မှာ ပန်းဆီရောင် အလုံးလေးတွေပါတဲ့ စကပ်အတိုလေးနဲ့ တွဲဝတ်ထားတာပါ။ ၀တ်စုံလေးက ပေါ့ပေါ့ပါးပါးလေး နဲ့ ချစ်စရာကောင်းတဲ့ ဖက်ရှင်ဒီဇိုင်းလေးပါ။ ဖိနပ်ကိုတော့ လည်ရှည်ရှူးဖိနပ်အမည်းလေး တွဲစီးထားပါတယ်။ ဒုတိယ ၀တ်စုံလေးမှာတော့ ကျားသစ်ကွက် စွပ်ကျယ်ကို ဂျင်းဘောင်းဘီအရှည်နဲ့ တွဲဝတ်ထားပါတယ်။ အောက်က လည်သာရှူးအတိုလေးနဲ့ တွဲစီးထားပါတယ်။ ၀တ်စုံ နှစ်စုံလုံးက သင်္ကြန်မှာ ပေါ့ပေါ့ပါးပါးဖြစ်ပြီး ဆယ်ကျော်သက်တွေနဲ့ လိုက်ဖက်တဲ့ ဖက်ရှင်ဒီဇိုင်းမျိုးတွေပါ။

accessories အနေနဲ့တော့ ပထမ၀တ်စုံမှာ ပန်းဆီရောင်ဘီးကုတ်တို့ လက်ကောက်တို့ကို တွဲဝတ်ထားပြီး ဒုတိယ ၀တ်စုံမှာတော့ နေကာမျက်မှန်လေး တပ်ထားပါတယ်။ ရှားရောင် လက်ကောက်တွေကိုလည်း တွဲပြီးဝတ်ထားပါတယ်။

သင်္ကြန်ဖက်ရှင်အနေနဲ့ ပြောရမယ်ဆိုရင် ရေစိုမှာဖြစ်တဲ့အတွက် ရေစိုတဲ့အခါ လှတဲ့ဖက်ရှင်မျိုးကိုမှ အများအမြင်မှာလည်း သင့်တော်တဲ့ ဖက်ရှင် ဒီဇိုင်းမျိုးကို ရွေးချယ်သင့်တယ်လို့ ထင်ပါတယ်။ သင်္ကြန်မှာ အလိုက်ဖက်ဆုံးကတော့ ဂျင်းန်ပေါ့နော်။ ဘောင်းဘီ အတိုအရှည်ဘယ်လိုပဲဖြစ်ဖြစ် ဂျင်းန်က ဘယ်တော့မှမရိုးတဲ့ ဖက်ရှင်တစ်ခုလို့ ထင်တယ်လေ။ နောက်တစ်ခုက မျက်မှန်ပေါ့နော်။ ရေစိုမှာဆိုတော့ မျက်မှန်တပ်ခြင်းအားဖြင့် မျက်လုံးအတွက် ကာကွယ်ပြီးသား ဖြစ်သလို ဖက်ရှင်လည်း ကျတာကြောင့် သင်္ကြန်ဖက်ရှင်မှာ မျက်မှန်ကလည်း မပါမဖြစ်လို့ဆို ရမှာပါ။

သင်္ကြန်မှာနောက်ထပ် သတိထားရမှာတစ်ခုက Skin Care ပါ။ လျှောက်လည်မယ့် သူတွေအတွက်ရော၊ မဏ္ဍပ်ထိုင်မယ့်သူ တွေအတွက်ပါ Skin Care ကအရေးကြီးပါတယ်။ ရေစိုလိုက်နေပူလိုက် ဖြစ်နေမှာဆိုတော့ အသားအရေ အတွက်ကို ကြိုတင် သတိထားသင့်ပါတယ်။ သင့်တော်တဲ့ Skin Care တစ်ခုခုကိုလည်း ရွေးချယ်ထားသင့်ပါတယ်။ သင်္ကြန်ပြီးသွားရင်လည်း သင့်တော်တဲ့ Treatment ယူပြီး အသားအရေတို့ ဆံပင်တို့ကို ပြန်လည် ပြုပြင်သင့်တယ်လို့ ထင်ပါတယ်။

ဒီကဏ္ဍလေး အတွက်ကတော့ စံရတီကြိုက်တဲ့ ပေါ့ပေါ့ပါးပါး သင်္ကြန်ဖက်ရှင်လေးတွေ ရွေးချယ်ဝတ်ဆင်ပြီး သင်္ကြန်ပုံစံမျိုး ရေတွေကြားက ရိုက်ရတာဆိုတော့ ပျော်စရာကောင်းပါတယ်။ သင်္ကြန်ကို ကြိုပြီးရောက်နေသလို လည်း ခံစားရတယ်။ စံရတီ နားလည်တာကတော့ သင်္ကြန်မှာ အားလုံး ပျော်ကြရွှင်ကြသလို ဘယ်လိုပုံစံမျိုး ဘယ်လိုဖက်ရှင်မျိုးပဲဖြစ်ဖြစ် အားလုံးကတော့ ချစ်စရာ ကောင်းနေကြတာပါပဲ။

စံရတီမိုးမြင့်၏ သင်္ကြန်ဖက်ရှင်ရွေးချယ် ၀တ်ဆင်မှုနှင့် သင်္ကြန်ဖက်ရှင် စိတ်ကူးများကို ယခု တစ်ပတ်အတွက် တင်ပြပေးလိုက်ရပါသည်။

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။