လက်ရှိ လုပ်ငန်းခွင်သို့ မကြာမီ ၀င်ရောက်ရမည့်သစ်လွင်လက်ထောက် ဆရာဝန်ဦးရေ ၄၈၇ ဦးခန့်ရှိပြီး ဆရာဝန်များသည် ပြည်ထောင်စုရာထူး ၀န်အဖွဲ့မှ ရွေးချယ်ပြီး ဗဟိုဝန်ထမ်း တက္ကသိုလ် (ဖောင်ကြီး) တွင်ဖွင့်လှစ် ခဲ့သည့် အရာထမ်းလောင်း အခြေခံ သင်တန်းအမှတ်စဉ် (၃၅)သို့ တက်ရောက် အောင်မြင်ပြီးသူများဖြစ် ကြောင်း သိရသည်။
အဆိုပါသစ်လွင်လက်ထောက် ဆရာဝန်များသည် မြန်မာနိုင်ငံအနှံ့ အပြားတွင် လစ်လပ်နေသည့် လက် ထောက်ဆရာဝန်ရာထူးနေရာများ တွင် တာဝန်ထမ်းဆောင်ရမည်ဖြစ် ကြောင်းသိရသည်။
“ အခု အလုပ်ဝင်ရမယ့် ဆရာ ၀န်တွေက ၂၀၀၉ ခုနှစ် နေပြည်တော် မှာ လူတွေ့ရော ရေးဖြေစာမေးပွဲပါ အောင်ပြီးအရာထမ်းလောင်းအခြေခံ သင်တန်းသုံးလ တက်ရောက်ပြီးသူ တွေဖြစ်ပါတယ်။ ဒီလူတွေက တစ် နိုင်ငံလုံးမှာရှိနေတဲ့ လက်ထောက် ဆရာဝန်လစ်လပ်နေရာတွေမှာတာ ၀န်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။၂၀၀၉ ခုနှစ် မတိုင်ခင်တုန်းကတော့ ဆေးတက္ကသိုလ်အားလုံးက ဆင်းတဲ့ ဆရာဝန်တွေကို အစိုးရ၀န်ထမ်း အဖြစ် တာဝန်ထမ်းဆောင်နိုင်အောင် အားလုံးကိုခန့်တယ်။ နောက် ၂၀၀၉ ခုနှစ်ကစပြီး အစိုးရ၀န်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ချင်တဲ့သူတွေက ဖောင်တွေတင်ရပြီး နေပြည်တော်မှာ လူတွေ့နဲ့ရေးဖြေစစ်ဆေးမှုခံရတယ်။ စစ်ဆေးမှုတွေအောင်တဲ့သူမှသင်တန်း တွေတက်ပြီး အစိုးရ၀န်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရတာပါ” ဟု ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူ တစ်ဦးက ဆိုပါသည်။
“ကျွန်တော်တို့က ၂၀၀၇ ခုနှစ်မှာ ဆေးကျောင်းပြီးပြီး ၂၀၀၈ ခုနှစ်မှာ့ သကျန ဆင်းရတယ်၊၊ ၂၀၀၉ ခုနှစ် မှာ ဘွဲ့ရတယ်။ ၂၀၀၉ ခုနှစ်က ဘွဲ့ရထားတဲ့သူတွေကို အစိုးရအလုပ်လုပ် ဖို့အလုပ်မခေါ်ဘဲနဲ့ ၂၀၁၁ ခုနှစ် လောက်ကျမှခေါ်တယ်။ ကျွန်တော်တို့နှစ်မှာ အလုပ်မခေါ်တဲ့အတွက် ကျွန်တော်တို့ နှစ်နှစ်လောက် စောင့် လိုက်ရတယ်။ ၀င်ဖြေတော့လည်း လူ ၄၀၀ ကျော်ပဲ ပါတယ်။ အခု အလုပ်ဝင်မယ့် လက်ထောက်ဆရာဝန် အများစုက ၂၀၀၉ ခုနှစ်အောင်ထားတဲ့ သူတွေများတယ်” ဟု မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ လူငယ်ဆရာဝန် တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
လက်ရှိ ကျန်းမာရေးဝန်ကြီး ဌာန ကျန်းမာရေး ဦးစီးဌာနအောက်ရှိ ဆေးရုံပေါင်း ၉၁၅ ရုံတွင် အထူးကု ဆရာဝန်ဦးရေ ၁၈၅၃ ဦး၊ လက်ထောက်ဆရာဝန် ဦးရေ ၂၈၉၆ ဦး နှင့် အုပ်ချုပ်ရေး၊ ပြည်သူ့ကျန်းမာရေး၊ ရောဂါနှိမ်နှင်းရေး ဌာနများတွင် ၆၃၃ ဦး စုစုပေါင်း ၅၃၈၀ ဦး တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။
Source by :http://www.news-eleven.com/
0 comments:
Post a Comment