
Photo -- By: Aow Kou Rot (facebook)
သိန္နီမြို့နယ်တွင် အမျိုးသား လွှတ်တော်မဲဆန္ဒနယ်အတွက် ရှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)မှ အပြတ်အသတ် အနိုင် ရနေကြောင်း သိရသည်။ ““ရလဒ်အရ အခုအပြတ် အသတ်နိုင်နေပြီ””ဟု ယနေ့ နေ့လည် ၁၂ နာရီ ၄၅ မိနစ်က သိန္နီမြို့နယ် လက်ရှိပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဝင်းခိုင် ကပြောသည်။
Update : 3.02 pm ကော့မှုးမြို့တွင်းရှိမဲရုံများ တွင် မဲပေးခဲ့သူဦးရေ ၅၀ ကို 7Day News သတင်းထောက်များက ကျပန်းမေးမြန်းခဲ့ရာ အားလုံးက ဒေါ်အောင်ဆန်းစုကြည်ကိုမဲပေးခဲ့ကြောင်း ဖြေကြားခဲ့ကြသည်။
Update2. 58 pm ကော့မှုးမြို့နယ်အတွင်းရှိ မဲရုံအချို့တွင် မဲပေးရာတွင် ပြသနာအချို့ ဖြစ်ပေါ်သည်ဟု သတင်းထွက်ပေါ်သော်လည်း မဲရုံအများစုတွင် မဲပေးသူများကို မည်သည့်အနှောက်အယှက်မှမပေးဘဲ အကူအညီပေးကြကြောင်း မဲပေးသူများက ပြောသည်။
ဘုရာလမ်းရပ်ကွက်မဲရုံတွင် မဲပေးခွင့် ရှိသူ ၁၃၂၀ ရှိရာတွင်နေ့လည် ၂နာရီ ၃၀ မိနစ်အချိန်ထိ မဲပေးသူ ၁၁၀၀ ၀န်းကျင်မဲပေးပြီးသွားပြီ ဖြစ်သည်။ `မဲရုံထဲမရောက်ခင်ကိုယ့်ကို ဟောက်များဟောက်အုန်းမလားလို့ လန့်နေတာ မဲရုံထဲရောက်တော့ ကိုယ်ပေးချင်တာ တန်းတန်းမတ်မတ်ပေးလို့ရတယ်။တအားဝမ်းသာတယ်´ ဟု ဘုရားလမ်း ရပ်ကွက်မဲရုံတွင် မဲပေးခဲ့သော ဒေါ် သိန်းအုပ် ကပြောသည်။ အလားတူ ဘုရားလမ်းမဲရုံတွင် မဲပေးခဲ့သူတိုင်းက မဲပေးရာတွင် အဆင်ပြေကြောင်းပြောသည်။
ဘုရာလမ်းရပ်ကွက်မဲရုံတွင် မဲပေးခွင့် ရှိသူ ၁၃၂၀ ရှိရာတွင်နေ့လည် ၂နာရီ ၃၀ မိနစ်အချိန်ထိ မဲပေးသူ ၁၁၀၀ ၀န်းကျင်မဲပေးပြီးသွားပြီ ဖြစ်သည်။ `မဲရုံထဲမရောက်ခင်ကိုယ့်ကို ဟောက်များဟောက်အုန်းမလားလို့ လန့်နေတာ မဲရုံထဲရောက်တော့ ကိုယ်ပေးချင်တာ တန်းတန်းမတ်မတ်ပေးလို့ရတယ်။တအား
အလားတူမှော်တော ကျေးရွာ မဲရုံ၊ ကော့မှုးမြို့ရှိ တာလမ်းသစ်ရပ်ကွက်မဲရုံများတွင်လည်း လွတ်လပ်စွာ မဲပေးခွင့်ရခဲ့ကြောင်း ဒေသခံများကပြောကြားသည်။ အဆိုပါမဲရုံများတွင် သတင်းထောက်များ ကိုလည်း လွတ်လပ်စွာ သတင်း ရယူခွင့်ပေးခဲ့သည်။
7Day News Journal




.jpg?width=750)

0 comments:
Post a Comment