Home » , » ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၂၄)

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၂၄)

Written By မောင်စေတနာ on Monday, April 2, 2012 | 1:32:00 AM



ယုဇနဥယျာဉ်မြို့တော် ၉ ၄ ရပ်ကွက်တွင် မဲစာရင်းတွင် မပါဝင်သူများက မဲရုံများဖွင့်လှစ်ထားသော အထက ၂ ရှေ့တွင် လာရောက်ပြီး မဲစာရင်းမပါဝင်သူများ စာရင်းကောက်ယူနေသူများထံ သန်းခေါင်းစာရင်းများဖြင့် လာရောက်ပြောကြားနေသည်ကို ယနေ့နံနက် ၁၀ နာရီဝန်းကျင်က တွေ့ရစဉ်။

ဓာတ်ပုံ - အေးမြကျော်
တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် မဲဆန္ဒနယ်ရှိ မဲရုံ ၃ ရုံတွင် NLD အနိုင်ရရှိ

တနင်္သာရီတိုင်း၊ကျွန်းစုမြို့နယ်
မဲဆန္ဒနယ်ရှိ မဲရုံ ၃ရုံတွင် မဲပေးမှုပြီးစီးပြီးဖြစ်ကာ မဲအရေအတွက်စာရင်းများလည်းသိရရှိရပြီဖြစ်ကြောင်း ကျွန်းစုမြို့နယ်၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ယနေ့ နေ့လည် ၁း၃၀ တွင် ပြောကြားသည်။

ကျွန်းစုမြို့နယ်ရှိ တာဆာကီ အမှတ်(၄)မဲရုံ၊ ကံမော်ကျေးရွာအုပ်စု-ပသျှူးချောင်းကျေးရွာမဲရုံအမှတ်(၃)နှင့် ရေမြက်ကြီးကျေးရွာအုပ်စု-မနွယ်ရွာ မဲရုံအမှတ်(၁၃) တွင် မဲရေတွက်ပြီးပြီဖြစ်သည်။

“မဲရုံကိုယ်စားလှယ်တွေရဲ့စောင့်ကြည့်ထားတဲ့ရလာဘ်အရ မဲရုံအားလုံးမှာ ကျွန်တော်တို့ အဖွဲ့ချုပ်က အနိုင်ရထားပါတယ်”ဟု သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုဇင်မောင်မောင်က 7Day News သို့ပြောသည်။

တာဆာကီကုမ္ပဏီမဲရုံအမှတ်(၄)တွင် ရရှိသောမဲရလာဘ်များမှာ NLD က ၂၁၂ မဲ၊ ပြည်ခိုင်ဖြိုးက ၁၄ မဲနှင့် ပယ်မဲ ၄ မဲ ဖြင့်လည်းကောင်း၊ ကံမော်ကျေးရွာအုပ်စု၊ပသျှူးချောင်းကျေးရွာ၊မဲရုံအမှတ်(၃)တွင် NLDက ၇၇ မဲ၊ ပြည်ခိုင်ဖြိုးက ၁၃မဲနှင့် ပယ်မဲ ၅မဲဖြင့်လည်းကောင်း၊ ရေမြက်ကြီးကျေးရွာအုပ်စု၊မနွယ်ကျေးရွာ မဲရုံးအမှတ်(၁၃) တွင် NLD က ၇၀ရာခိုင်နှုန်း၊ ပြည်ခိုင်ဖြိုးက ၃၀ ရာခိုင်နှုန်းဖြင့် အသီးသီးရရှိထားကြောင်း ကိုဇင်မောင်မောင်က ပြောသည်။

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်တွင် မဲရုံစုစုပေါင်း ၁၄၂ရုံရှိပြီး၊ပြည်သူ့လွှတ်တော်လစ်လပ်မဲဆန္ဒနယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ ယှဉ်ပြိုင်ခဲ့ကြသည်။

ပခုက္ကူမြို့နယ်၊ လမ်းရွာအုပ်စု ပေါင်းကူစွန်းကျေးရွာ မဲရုံအမှတ်(၁၂) တွင် ဆန္ဒမဲပေးသူ ၁၁၃ ဦးမှ ၊ NLD က ၉၀မဲ၊ ပြည်ခိုင်ဖြိုးက ၁၆မဲ၊ ပယ်မဲ ၇ မဲတို့ဖြင့် မဲရေတွက်ပြီးစီးသွားပြီး မဲအပြတ်အသတ်နှင့် NLD ပါတီအနိုင်ရသွားကြောင်း 7 Day News သတင်းထောက်က သတင်းပေးပို့သည်။

မဲပေးနိုင်သူဦးရေ ၈၈ ဦးသာရှိသည့် ကျောက်ပန်းတောင်းမြို့ ပြည်တော်သာရပ်ကွက် မဲရုံအမှတ် ၃ (GTI) တွင် မဲပေးသူ ၈၈ ဦးစလုံးမဲပေးပြီးဖြစ်သည့်အတွက် မဲရုံပိတ်ပြီး မဲများရေတွက်ရာတွင် အင်န်အယ်လ်ဒီပါတီက ၅၃ မဲ၊ ပြည်ခိုင်ဖြိုးပါတီက ၃၅ မဲရှိခဲ့သည်ဟုသတင်းရရှိသည်။ အင်န်အယ်ဒီပါတီမှ ဒေါက်တာဇော်မြင့်မောင်နှင့် ပြည်ခိုင်ဖြိုးပါတီမှဦးအောင်ဝင်းကြည်တို့ ကျောက်ပန်းတောင်း မဲဆန္ဒနယ်တွင် ၀င်ရောက်အရွေးခံခဲ့သည်။

မကွေးမြို့ မကြီးကန်ကျေးရွာအုပ်စုအတွင်းရှိာ ပုထိုးစမ်းကျေးရွာတွင် မဲပေးခွင့်ရသည့် လူဦးရေ ၃၃၇ ဦးရှိပြီး၊ NLD ပါတီမှ အနိုင်ရရှိသွားကြောင်း သိရသည်။

NLD ပါတီမှာမဲအရေတွက် ၂၅၀ ကျော်၊ ပြည်ခိုင်ဖြိုးမှ ၈၀ ကျော်၊ တစညမှ ၂ မဲနှင့် NDFမှ ၁ မဲ အသီးသီးရရှိထားကြောင်း မကွေးမြို့ NLD အောင်နိုင်ရေးတာဝန်ခံ ဦးဉာဏ်စိန်က အတည်ပြုပြောကြားသည်။
ပုသိမ်မြို့ ၅ ရပ်ကွက်ရှိ မဲရုံ၃ရုံတွင် နံနက် ၆ နာရီမှ မွန်းတည့် ၁၂ နာရီအတွင်းဆန္ဒမဲပေးရန် လာရောက်သူအချို့မှာ ဆန္ဒပြုရန်အတွက် ထုတ်ပေးသည့် မဲကတ်ပြားများတွင် ဆန္ဒပြုလိုသည့် ပါတီအမှတ်တံဆိပ်များ ဘေးတွင်ထင်ရှားစွာခြစ်မရသဖြင့် လဲလှယ်ပေးရန် မဲရုံတာဝန်ရှိသူများအား တောင်းဆိုသော်လည်း လဲလှယ်ပေးခြင်း မရှိခဲ့ကြောင်း ပုသိမ်မြို့မှ 7 Day News သတင်းထောက်က သတင်းပေးပို့သည် ။

ယင်းသို့ လဲလှယ်ပေးရန် တောင်းဆိုသူဦးရေ ၁၀ ဦးထက် မနည်း ရှိခဲ့သည်။ အများစုကမဲစာရင်းစာရွက်ကိုဖယောင်း သုတ်ထားသည်ဟုထင်မြင်ယူဆရ ကြောင်းပြောကြားကြသည်။

ဒက္ခိဏသီရိမြို့နယ် အောင်သုခကျေးရွာနှင့် ချိုင်းကျေးရွာတို့တွင် မဲပေးခွင့်မရသူများမှာ အသက် ၃၀ မှ ၆၀အသက်အရွယ်ပိုင်းအများစုဖြစ်ပြီးအောင်သုခကျေးရွာတွင် လူဦးရေ ၄၀ ကျော်နှင့် ချိုင်းကျေးရွာတွင် လူဦးရေ ၁၀ ဦးကျော်ရှိသည်ဟုသိရသည်။ အဆိုပါကျေးရွာဒေသခံများမှာ မဲပေးခွင့်မရဘဲတစ်ပတ်၊ နှစ်ပတ်ခန့်လာရောက်နေထိုင်သည့်အခြားနယ်မှဧည့်သည်များမှာမူ မဲပေးခွင့်ရသည်ဟုဆိုသည်။

တံတားဦးမြို့နယ်တွင် မဲရုံ အရေအတွက် ၂၀၄ ရုံရှိသည်။ ကြိုတင်မဲအရေအတွက်သည် မန္တလေးမြို့ရှိ မဟာအောင်မြေမြို့နယ်ထက်ပင် များပြားနေကြောင်းအမျိုးသားဒီမိ

ုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းက ပြောကြားသည်။ ထိုမဲဆန္ဒနယ်တစ်နယ်လုံးတွင် မဲပေးခွင့်ရှိသူ ၉၃၆၃၄ ဦးရှိပြီး၊ ကြိုတင်မဲအရေအတွက်သည် ၁၆၇၀ ရှိကာ မဲပေးခွင့်မရတဲ့သူ ၁၆၅ ဦးက ဒီချုပ်ရုံးခန်းသို့ လာရောက်တိုင်ကြားခဲ့ကြောင်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ ရပ်ကွက် ၁၄ ရှိ မဲရုံ ၁ နှင့် ၂ တို့တွင် ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွဖြိုးရေးပါတီကိုယ်စားလှယ်လောင်း ဦးအောင်တင်မြင့်တို့ အတူတွဲဖက်ရိုက်ကူးထားသည့် ဓာတ်ပုံများကို ပြည်ခိုင်ဖြိုးအဖွဲ့ဝင်များက ယနေ့ ၁၁ နာရီ ၄၀ မိနစ်အချိန်ခန့်က လိုက်လံချိတ်ဆွဲလျက်ရှိကြောင်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က ရပ်ကွက် ၂ ရှိမဲရုံသို့သွားရောက်ခဲ့သည်။ ၁၁ နာရီ ၁၀ မိနစ်တွင်လည်း ရပ်ကွက် ၄ ရှိ မဲရုံသို့ သွားရောက်ကာ မဲရုံအတွင်းဝင်ရောက်ခဲ့သည်ဟုဆိုသည်။

တောင်ငူမြို့နယ် ၂ ရပ်ကွက်နေထိုင်သူ ၄၅၀ကျော်သည် မဲပေးရာတွင်ပါဝင်ခွင့်မရသည့်အတွက် အဆိုပါမဲပေးခွင့်မရသူများအနက်မှ လူဦးရေ ၁၀၀ ကျော်ခန့်သည် မဲရုံအနီးတွင် စုဝေးလျက်ရှိခြင်းကြောင့် ယင်းကိစ္စနှင့်ပတ်သက်၍ ဖြစ်ပွားရာနေရာသို့ မြို့နယ်ကော်မရှင်ဥက္ကဌနှင့် အဖွဲ့ဝင်များရောက်ရှိကာ ရပ်ကွက်ရုံးတွင် ယနေ့ ၁၁ နာရီကျော်မှစတင်ကာနာရီဝက်ခန့်အကြာ ရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့သည်။

''ဒီနေ့ ဒီရက်မှာ ဒီလိုအမှားမျိုး တွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ အမှား ပမာဏကြီးမားတော့ ဒီလိုအခြေ အနေမျိုးတွေ မဖြစ်သင့်ဘူးပေါ့။ ရပ်ကွက်အောက်ခြေမှာ အား နည်းချက်တွေ ရှိနေတယ်။ အောက် ခြေက ကော်မရှင်ရော၊ ရာအိမ်မှူး တွေရော အလုပ်မလုပ်တဲ့အ တွက် ဒီလို ပြဿနာမျိုးတွေ ကြုံရ တာ။ ရပ်ကွက်မှာ ကင်းကြေးတွေ ကောက်တယ်။ ဒါမျိုးကျတော့ လူ မကျန်အောင် အိမ်တိုင်း ကောက် နိုင်တယ်။ အခု နိုင်ငံတော်အဆင့် အရေးကြီးတဲ့ ဒီကိစ္စတွေကို သူတို့ လေးလေးစားစား မလုပ်တာကို ကော်မရှင်ကို တင်ပြတယ်''

ဟုတောင်ငူမဲဆန္ဒနယ်မှ ၀င် ရောက်ယှဉ်ပြိုင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ် တော် ကိုယ်စားလှယ်လောင်း ဦးအောင်စိုးမြင့်က မီဒီယာများ နှင့် တွေ့ဆုံပြောကြားသည်။ အဆိုပါရပ်ကွက်တွင် မဲပေးခွင့်ရှိသူဦးရေမှာ ၈၅၆၂ ဦးရှိသည်။

မဲလက်မှတ်ပေါ်တွင် ဖယောင်းသုတ်ထားသည်ဟု ယူဆရပြီး အမှတ်ခြစ်မရခဲ့သော ကော့မှူးမြို့၊ ပြည်တော်သာ ၁ လမ်းနေ ဒေါ်ကြည်အေးက ယနေ့ကြုံတွေ့ခဲ့ရခြင်းနှင့်ပတ်သက်၍ 7Day News သို့အောက်ပါ အတိုင်းရင်ဖွင့်သည်။

`အနှစ်နှစ်အလလက အားခဲထားတာ အလကားဖြစ်သွားတာပေါ့။ အောက်ဆုံးအကွက် NLD ကိုမဲပေးတာ ဘောလ်ပင်က စာရွက်ပေါ်မှာ မှင်မထင်ဘူး။ ဒါနဲ့ တစ်သျှူးနဲ့ အဲဒီနေရာကို

နည်းနည်းသုတ်ပြီး ခြစ် ကြည့်တော့လည်း မရဘူး။ ဘောလ်ပင်က မှင်မထင်ဘူးလားလို့ လက်မှာ စမ်းခြစ်ကြည့်တော့ ထင်တယ်။ ဒါနဲ့ တံထွေးဆွတ်ပြီး ခြစ်လိုက်တော့ ခြစ်ရာက အများကြီး ဖြစ်သွားတယ်။ ဒါနဲ့ ပယ်မဲဖြစ်ပြီဆိုပြီးတော့ နောက်ထပ် မဲလက်မှတ်တစ်စောင်တောင်းတာ ကော်မရှင်က မပေးဘူး။

မဲပေးချင်လို့ မနက် ၄ နာရီကတည်းက ထပြီးတော့ ၇ နာရီမှ မဲရုံ သွားပေးတာ အခုလိုအဆင်မပြေတော့ စိတ်ဆိုးတယ်´ ဟုအသက် ၆၃ နှစ်အရွယ် ဒေါ်ကြည်အေးက ပြောသည်။ သူမသည် အာဆီယံမှ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများ၏ အကူအညီဖြင့် မဲထည့် ပေးခွင့်ရရန် ထိုမဲရုံအနီးတွင် စောင့်ဆိုင်းလျက်ရှိသည်။

7Day News Journal

Source by :http://www.thithtoolwin.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။