Home » , » မအူပင်မှာ ရွာလုံးကျွတ် မဲပေးခွင့်မရလို့ ဆန္ဒပြနေကြပြီ

မအူပင်မှာ ရွာလုံးကျွတ် မဲပေးခွင့်မရလို့ ဆန္ဒပြနေကြပြီ

Written By မောင်စေတနာ on Sunday, April 1, 2012 | 3:08:00 PM

ဒီဇင်ဘာလမှာ တွေ့ရတဲ့ NLD ခေါင်းဆောင်များနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် လူကြီးများ

ရွေးကောက်ပွဲကော်မရှင်ရဲ့ အလွဲများထဲက နောက်ဆုံးပေါ် အလွဲတခု အွန်လိုင်းမှာ တက်လာတဲ့အတွက် ကူးယူ ဖော်ပြလိုက်ပါတယ်။

ထိုမအူပင်မြို့နယ်နှင့် (၄)မိုင်ခန့် ဝေးကွာသော မလက်တို၊ ထနှီးကျေးရွာတွင် ယခု၂နာရီထိုးခါနီးအချိန်ထိ တာဝန်ရှိသူများမှ မည်သို့မျှဆောင်ရွက်ပေးခြင်း မရှိပေးသေးခြင်းအတွက် ကျေးရွာလူထုမှာ လူစုမခွဲကြသေးဘဲ ထိုင်သပိတ်ဆင်နွှဲနေကြပါသည်။

ရွာနီးရှိ ငါးမွေးကန်မှ ယာယီနေထိုင်သူ လုပ်သား(၄၀)မှာ မဲပေးခွင့်ရပြီး အမြဲတမ်းနေထိုင်သူ ၄၀၃ ယောက်မှာ မဲပေးနိုင်သူ စာရင်းတွင် မပါဝင်၍ ရွာသားများ၏ ဒေါသကို ပိုမိုဆွပေးသလိုဖြစ်နေပါသည်။

ကျေးရွာဥက္ကဋ္ဌက မနက်တွင် ဖြေရှင်းပေးမည် ပြောသည့်အခါ ရွာသားများက မနက်တွင် မည်သို့မျှ ဖြေရှင်းပေးနိုင်မည်မဟုတ်ဟု ပြောဆိုကာ မနက်လင်းသည့်အချိန်ထိ ထိုင်သပိတ် ဆင်နွှဲတောင်းဆိုမည်ဟု နယ်ခံများမှ သတင်းပေးပို့လာပါသည်။

ညွှန်း - Election Monitoring Network.88 - http://www.facebook.com/monitoring88

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။