Home » , » ဖူးခက်မှာ မြန်မာတွေ ဆန္ဒပြမယ်

ဖူးခက်မှာ မြန်မာတွေ ဆန္ဒပြမယ်

Written By မောင်စေတနာ on Sunday, April 1, 2012 | 4:02:00 PM



ဖူးခက်တွင် ကုန်ပစ္စည်းမျိုးစုံ ရောင်းချသော(Super cheap ) စူပါချိအမည်ရှိ ဧရာမစူပါ မတ်ကက်ကြီးတွင် မြန်မာ အလုပ်သမား ဝန်ထမ်းစုစုပေါင်း ၂၄၀၀ ကျော်ရှိပါသည်။

(Super cheap ) စူပါချိအမည်ဖြင့် မီနီမတ်ကက် ဆိုင်ခွဲပေါင်း ငါးဆယ်ကျော်ခန့်လည်း ဖူးခက်တွင် ရှိပါသည်။ အဆိုပါ စူပါချိမှ မြန်မာအလုပ်သမား များအနေဖြင့် ...

၁။ ထိုင်းအလုပ်သမားဥပဒေတွင် ဖော်ပြထားသည့် ဆေးဝါးကုသမှု အာမခံချက်မရှိခြင်း

၂။ အလုပ်သမားတဦးချင်းအနေဖြင့် မိမိတို့ လုပ်စာလစာ မည်မျှရသည်၊ မည်မျှ ဖြတ်တောက်သည်၊ မည်သည့်အတွက်ကြောင့် ဖြတ်တောက်သည်ကို သိရှိခွင့်မရပဲ ထိုင်းလူမျိုး အလုပ် သမားကြီးကြပ်သူများ ပေးသလောက်သာ လက်ခံရခြင်း။ မေးမြန်းစုံစမ်းခွင့်မရှိခြင်း ။

၃။ မေးမြန်းမိသော အလုပ်သမား ခုနှစ်ဦးမှာ ထိုင်း လူမျိုးကြီးကြပ် ရေးမှူးများ၏ ထိုးကြိတ်မှုခံရသည့်အပြင် အလုပ်ပါ ထုတ်ပယ်ခံရခြင်း။

၎။ အလုပ်လုပ်ခွင့် လက်မှတ် ၊ ပတ်စပို့၊ work permit စသည်တို့ကို မိမိတို့ အစီအစဉ်ဖြင့် ပြုလုပ်ပြီးပါလျက် လုပ်ခမှ ထပ်မံဖြတ်တောက်ခြင်း၊

၅။ လူမျိုးရေးခွဲခြားဆက်ဆံခြင်း

စသည့် မကျေနပ်ချက်များကြောင့် ၂၀၁၂ ခုနှစ် ဧပြီလ နံနက် (၀၅း၀၀)နာရီတွင် လုပ်ငန်းခွင်သို့ မဝင်ကြပဲ မိမိတို့ မကျေနပ်ချက်များကို ဖော်ထုတ်ဆန္ဒပြကြမည် ဖြစ်ကြောင်း သိရှိရပါသည် ။

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။