Home » , , » သူရဲကောင်း ၄ ဦးဆိုတာ ဘယ်သူတွေလဲ

သူရဲကောင်း ၄ ဦးဆိုတာ ဘယ်သူတွေလဲ

Written By မောင်စေတနာ on Saturday, April 14, 2012 | 11:32:00 AM

ဓာတ်ပုံ - nld

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရာမှာ မျှော်လင့်ထားတာထက် ပိုပြီး အောင်နိုင်မှုရလိုက်တဲ့ သဘောကိုတွေ့ရမှာပါ။

ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့တို့ သင်္ကြန်မတိုင်ခင်က တွေ့ဆုံစဉ်မှာ တော့ ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်က သူရဲကောင်း ၄ ဦးကို ဂုဏ်ပြုစကား ဆိုခဲ့တာပါ။

“ကျွန်မ အထူးသဖြင့် ဂုဏ်မပြုပဲ မနေနိုင်တာကတော့ နေပြည်တော်က ကိုယ်စားလှယ် လေးယောက် ပါပဲ” လို့ ဒေါ်အောင်ဆန်းစုကြည်က အမှာစကားမှာ ထည့်သွင်းပြောခဲ့တာပါ။

နေပြည်တော်မှာ သူတို့ ၄ ဦး ဘယ်လောက် ပင်ပန်းမယ် ဆိုတာ သိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။

ဒီစကားကို ထောက်ရှု့ရင် နေပြည်တော်မှာ ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်လိုက်တာဟာ ဒေါ်အောင်ဆန်းစုကြည် အတွက် မျှော်လင့်မထားတာ ဖြစ်လာတယ်လို့ ဆိုရမလားပဲ။

နေပြည်တော်သူရဲကောင်း ၄ ဦးကတော့

ဒေါ်စန္ဒာမင်း (ဇဗ္ဗျူသီရိ မဲဆန္ဒနယ်မြေ)
ဦးနိုင်ငံလင်း (ဒက္ခိဏသီရိ မဲ ဆန္ဒနယ်မြေ)
ကိုဇေယျသော် (ပုဗ္ဗသီရိ မဲဆန္ဒနယ်မြေ)
ဦးမင်းသူ (ဥတ္တရသီရိ မဲဆန္ဒနယ်မြေ) တို့် ဖြစ်ကြပါတယ်။

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။