ကာကွယ်ရေးဦးစီးချုပ်က ဗိုလ်ချုပ်ကြီး မဟုတ်တော့ဘူး၊ ဒုတိယဗိုလ်ချုပ်မှူးကြီး ဖြစ်သွားပါပြီ။ သူ့ဟာသူ ဒီရာထူး ဖန်တီးယူတာလား၊ သူ့ကို ဒီရာထူး တယောက်ယောက်က ပေးလိုက်တာလား ဆိုတာ သေသေချာချာ မသိရသေးပါ။
ဒီကနေ့ထုတ် အစိုးရအာဘော်သတင်းစာထဲက သတင်းတွေထဲမှာ သူ့ကို ရာထူးအသစ်နဲ့ တွေ့ရတာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လုပ်ခဲ့တဲ့ နေပြည်တော်စစ်ရေးပြချီတက်ပွဲသတင်းမှာ ဗိုလ်ချုပ်ကြီး သရေစည်သူ မင်းအောင်လှိုင်လို့ ဖော်ပြခဲ့ပါသေးတယ်။

အကောင်ကြီးကြီးတွေရဲ့ ရာထူးအပြောင်းအလဲ ဘွဲ့အပြောင်းအလဲကို သတင်းစာဖတ်မှပဲ သိရပါတယ်။ ဒါကြောင့် နိုင်ငံရေးစိတ်ဝင်စားသူများက ပျင်းစရာ သတင်းစာကို နေ့စဉ် ကြည့်ရှုကြတာ ဖြစ်ပါလိမ့်မယ်။


Source by :http://www.irrawaddyblog.com/
0 comments:
Post a Comment