
ဖော်ပြပါ ဓာတ်ပုံရှင် ကိုဇော် (ခ) ကိုမင်း (ခ) ဇော်မင်းသန်း သည် မလေးရှားနိုင်ငံ၊ ကေအယ်မြို့တွင် “နဒီဧရာ” အမည်ဖြင့် အေးဂျင့်ရုံးခန်းဖွင့်ကာ 6P အစီအစဉ်အရ အလုပ်လုပ်ခွင့်ပါမစ် ပြုလုပ်ပေးမည်ဟု ပြောဆိုပြီး လူပေါင်း ၄၇-ယောက်ထံမှ တဦးလျှင် ရင်းဂစ် ၈၀၀၊ ၁၀၀၀၊ ၁၂၀၀၊ ၁၅၀၀၊ ၂၀၀၀ စသည့်နှုန်းထားများဖြင့် စရန်ငွေယူကာ စုစုပေါင်းမလေးရင်းဂစ် ၄၈၀၀၀ (လေးသောင်းရှစ်ထောင်) အား လိမ်လည်ထွက်ပြေးသွားသူ ဖြစ်ပါသည်။
အဆိုပါ ဇော်မင်းသန်း (ပတ်စပို့နံပါတ် M-560332) သည် အမိ ဒေါ်သန်းသန်းမြင့်၏ သားဖြစ်ပြီး ဧရာဝတီတိုင်း၊ ရေကြည်မြို့တွင် နေထိုင်သူ ဖြစ်ပါသည်။ သုံးလပိုင်း နှစ်ဆယ်ရက်နေ့တွင် မလေးရှားနိုင်ငံမှတဆင့် ထိုင်းနိုင်ငံအတွင်းသို့ ရောက်ရှိသွားကြောင်း ကြားသိရပါသည်။

တိုင်းတပါးတွင် ပင်ပန်းဆင်းရဲစွာ လာရောက်လုပ်ကိုင်နေရသော မိမိနိုင်ငံသားအချင်းချင်း မသမာသောနည်းလမ်းဖြင့် လိမ်လည်သွားသူအား ရှောင်နိုင်ကြစေရန်နှင့် အထက်ပါဖြစ်ရပ်များ ထပ်မံမကြုံတွေ့၊ မဖြစ်ပေါ်ကြစေရန်အတွက် မလေးရှားရောက် မြန်မာအလုပ်သမားများအနေနှင့် 6P အစီအစဉ်အရ လက်ဗွေနှိပ်၍ ပါမစ်ပြုလုပ်ကြမည်ဆိုပါက သက်ဆိုင်ရာအေးဂျင့်များကို သေချာစွာ လေ့လာစုံစမ်းပြီးမှသာ ကျသင့်ငွေများ ပေးချေအပ်နှံကြပါရန် အကျိုးလိုလားစွာဖြင့် သတိပေးအပ်ပါသည်။

ဖော်ပြပါအကြောင်းအရာများကို အသေးစိတ်သိရှိလိုပါက ၄င်း ဇော်မင်းသန်း ရုံးခန်းပြုလုပ်ခဲ့ရာ နေရာတွင်လည်းကောင်း၊ ကိုချစ်စမ်းမောင် (ဖုန်း- ၀၁၆ ၆၀၀ ၉၆၅၁) သို့လည်းကောင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။
Source by : မောင်ပါလ(မလေးရှား)
0 comments:
Post a Comment