Home » , , , » Window 7 Start Menu က Power Button Action လေးကို ပြောင်းမယ်

Window 7 Start Menu က Power Button Action လေးကို ပြောင်းမယ်

Written By မောင်စေတနာ on Wednesday, April 4, 2012 | 12:17:00 AM

Window 7 မှာ System ကို Shut down လုပ်ဖို့ အတွက် အောက်ခြေနားလေး Button လေး ပေးထားထားကို အားလုံး တွေ့ကြမှာပါ..။ ဒါပေမယ့် ကျွန်တော်တို့ Switch User လုပ်ချင်တယ် ၊ Window ကို Lock Off လုပ်ချင်တယ် ဆိုရင်တော့ သူ့ရဲ့ ရှေ့မှာ ရှိနေတဲ့ Arrow Sign လေးကို နှိပ်ရပီးမှ ကျွန်တော်တို့ လိုအပ်တာကို လက်ခံ ရရှိတာပါ...။ဒီတစ်ခါတော့ Start Menu ရဲ့ အောက်ခြေက အဲဒီ Option ကို လွယ်ကူစွာ Change နိုင်တဲ့ နည်းလေး တွေကို ပြောကြည့် ရအောင်ပါ...။

Users တွေ အတော်များများဟာ သူတို့ ရဲ့ System ကို Shut Down လုပ်တာထက် Hibernate လုပ်မယ် ၊ Sleep Mode နဲ့ထားတာကို ပို သဘောကျကြပါတယ်..။သူတို့ရဲ့ System ကို Boot ပြန်လုပ်နေရတဲ့ အချိန်ကို မဖြုန်းတီးချင်လောက်အောင်ကို အလုပ်တစ်ပုံတစ်ပင် ရှိနေပါတယ်ဆိုရင်ပါ...။ သူတို့ အတွက် တော့ System ကို Shutting Down လုပ်တာက အရမ်းနည်းလာပီး Sleep or Hibernate or Log Off option တွေ အစား Shut Down Option ကို မြင်နေရတာ သူတို့ အတွက် အဆင်မပြေ ဖြစ်လာမှာပါ...။

ဒါဆိုရင် ကျွန်တော်တို့ အတွက် ပိုမိုအသုံးတဲ့ စေမယ့် Option လေးတွေကို လွယ်ကူစွာ နဲ့ ဘယ်လို ပြောင်းနိုင်လဲ ဆိုတာ ပြောကြည့်ရအောင်ပါ..။

1.Start Menu ကို ဖွင့်ဖို့ Start ကို Click လိုက်ပါ...။


2.Shut Down Option လေးကို မြင်ရတဲ့ နေရာလေး ပေါ်မှာ Right Click နှိပ်ပီး Properties ကို သွားပါ...။အောက်ကလို ပုံလေး ပေါ်လာတဲ့ အခါမှာ Start Menu Tab က Power Button Action လေးမှာ Drop Down Scroll လေးရှိနေပါတယ်...။အဲဒီမှာ ကိုယ့် အတွက် အဆင်ပြေစေမယ့် Option လေးကို ရွေးချယ် နိုင်ပီး Apply , OK လိုက်ပါ...။


ဒါဆိုရင် Shut Down Option လေးမှာကိုယ် ပြောင်းခဲ့တာလေး အစားထိုး ရောက်နေမှာပါ ...။


ဒီနည်းလေးဟာ အပေါ်က ပြောခဲ့တဲ့ ရည်ရွယ်ချက် အတွက် အဆင်ပြေစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်...။ ဒီရည်ရွယ်ချက် အတွက် ပိုမို ကောင်းမွန်တဲ့ နည်းလမ်းလေးတွေ ရှိရင်လည်း မျှဝေဖို့ မျှော်လင့်ပါတယ်။


မသိသေးသူများ အတွက်သာပါ။ အားလုံး အဆင်ပြေကြပါစေ

မျိုးကိုကို
freshest5@gmail.com
Technique & Translate
8JAN2012-004
www.nayzawlin.com
myokokyaw@nayzawlin.com
http://myokokyaw.blogspot.com/

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။