Home » , » Facebook က Photo ပေါ်မှာ ကိုယ့်ကို Tag လာရင် Approve နဲ့ Ignore လုပ်ရအောင်

Facebook က Photo ပေါ်မှာ ကိုယ့်ကို Tag လာရင် Approve နဲ့ Ignore လုပ်ရအောင်

Written By မောင်စေတနာ on Friday, March 2, 2012 | 10:09:00 PM

ကျွန်တော်တို့ Facebook User တွေဟာ Facebook ပေါ်က public tagging feature ရဲ့ အားနည်းချက်တွေ ကြောင့် facebook profile ပေါ်မှာ များစွာသော Spam တွေ ကို ရရှိကြရပါတယ်။ Default အားဖြင့်တော့ ....

ကျွန်တော်တို့ရဲ့ Facebook သယ်ချင်းတွေဟာ သူတို့ Upload လုပ်တဲ့ Photo တွေပေါ်မှာ ကျွန်တော် တို့ကို Tag လုပ်နိုင်ပါတယ်။ဒီလို အခြေ အနေမှာ ကျွန်တော် တို့ Tag ခံလိုက်ရတဲ့ အဲဒီ Photo ပေါ်မှာ တစ်ယောက်ယောက်က Comment လုပ်တိုင်း အသုံးမလိုတဲ့ အကြောင်းကြားစာတွေ များစွာ ကို ရကောင်းရနေပါလိမ့်မယ်။

တစ်ယောက်ယောက်က သူတို့ ရဲ့ Upload Photo မှာ ကိုယ့်ကို Tag လာရင် ပထမ ဆုံး ကိုယ့်ကို Approve လုပ်ခွင့်ပေးတဲ့ Feature လေးတွေကို လည်း Facebook က ပေါင်းထည့်ထားတယ်လို့ ပြောမလို့ပါ။ အသုံးမလို တဲ့ အကြောင်းကြာစာတွေနဲ့ ဒီလို Photo တွေကို တစ်ယောက်ယောက် က Tag လာရင် အဲဒီ Tagging ကို Ignore နဲ့ Approve လုပ်နိုင်လို့ ဒီ Feature လေးတွေက ကျွန်တော်တို့ ကို ပြန်ထိန်းခွင့်ပေးပါတယ်။

Facebook ပေါ်က ဒီလို အခြေအနေတွေကို ဘယ်လို ကာကွယ် နိုင်မလဲ ဆိုတာ လုပ်ကြည့်ရအောင်.

Facebook Privacy Setting ရဲ့ အောက်မှာ သူငယ်ချင်း တစ်ချို့က Photo တစ်ပုံ မှာ ကိုယ့် နာမည် ကို Tag လာတဲ့ အခါ ပထမဆုံး ကိုယ့်ကို Approve လုပ်ခိုင်းတဲ့ facebook tag review feature ကို ရနိုင်တဲ့ Option ရှိပါတယ်။

1. ကိုယ့်ရဲ့ အကောင့် နဲ့ Facebook ကို Log In ၀င်ပါ။

2.Log In ၀င်ပီးတာနဲ့ facebook account privacy settings ကိုသွားပါ။


3. facebook privacy settings ရဲ့ အောက်မှာ how tags work ကိုနှိပ်ပါ။


4. Edit Setting ကိုနှိပ်ပါ ဒါလေးက Facebook အတွင်းမှာ the tag Timeline Review feature on နိုင်တဲ့ Pop Window လေးပွင့်လာပါလိမ့်မယ်။


5.On ကိုနှိပ်လိုက်တဲ့ အခါ မှာ အောက်ကလို ပုံလေး လာတဲ့အခါမှာ Enabled လုပ်ပေးပါ။


ဒီလို ဆိုရင် ကိုယ့်ကို Tag ခံလိုက်ရတိုင်း ကိုယ့်ရဲ့ Wall မှာ မဖော်ပြခင် Tag လုပ်ခံထားရတဲ့ အကြောင်း အကြောင်းကြားပေးပြီး Approve လုပ်ပေးလို့ ရသလို Ignore လည်းလုပ်လိုက်လို့ ရပါတယ်။


အဆင်ပြေကြပါစေ.

မျိုးကိုကို
freshest5@gmail.com
Technique & Translate
8JAN2012-004
www.nayzawlin.com
myokokyaw@nayzawlin.com
http://myokokyaw.blogspot.com/

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။