Home » , , » Connection နှေးနေတဲ့ အချိန် Mail ဖတ်လို့မရသေးရင် Preview အနေနဲ့ ဖတ်ကြမယ်

Connection နှေးနေတဲ့ အချိန် Mail ဖတ်လို့မရသေးရင် Preview အနေနဲ့ ဖတ်ကြမယ်

Written By Anonymous on Saturday, March 17, 2012 | 5:25:00 PM

ကျွန်တော် အခု ပြောပြမဲ့ Post လေးကတော့ သူငယ်ချင်းတွေ အားလုံးရဲ့ Inbox Mail က Mail တွေကို Connection နှေးနေတဲ့ အချိန် ဖွင့်ဖတ်လို့ မရတဲ့ အခါကျရင် ကိုယ်ဖတ်ချင်ရင် Mail တစ်စောင်စောင် ကို Right Click ထောက်ပြီး Preview အနေနဲ့ ဖတ်လို့ ရအောင် လုပ်တဲ့ နည်းလေးပါဗျာ။

ဒီ နည်းလေးလဲ တစ်ချို့သူတွေ သိပြီးသားလဲ ဖြစ်ကောင်းဖြစ်နိုင် ပါတယ်ဗျာ။ ကျွန်တော် က တော့ မသိသေးတဲ့ သူငယ်ချင်းတွေ အတွက်တော့ ကျွန်တော် သိထားသလောက်လေး ပြန်လည် မျှဝေပေးလိုက်ပါတယ်ဗျာ။

ကျွန်တော် ဒီနည်းလေး ကို သိထားတော့ ကြာပါပြီဗျာ။ ကျွန်တော့ ကို Gtalk က သူငယ်ချင်းတွေက မေးလို့ ဒီ Post လေးကို ရေးပြီး တင်ပေး လိုက်ပါတယ်နော်။ ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့ ကော စာလေးနဲ့ပါ ရှင်းပြထားတဲ့ အတွက် နားမလည်စရာတော့ အကြောင်းမရှိလောက်ပါဘူးဗျာ။

တကယ်လို့ နားမလည်ရင်လဲ ဒီ Post လေးရဲ့ အောက်မှာ Comment ပေးထားခဲ့လို့ ရပါတယ်နော်။ ကျွန်တော် ပြန်ဖြေပေးပါ့မယ်ဗျာ။ ကဲ...... စကြရအောင်ဗျာ။ အရင်ဦးဆုံး ကျွန်တော်တို့ လုပ်ရမှာက www.gmail.com ကို Sign In ၀င်လိုက်ပါ ။ပြီးရင် Mail Setting ကို သွားလိုက်ပါ။

Mail ရဲ့ ဘယ်ဘက်ထောင့် က စက်သွားပုံ နေရာလေးကို Click ပြီး Setting ကို Click လိုက်ပါ။Mail Setting ကို ဘယ်လို သွားရမှန်းမသိသေးရင် အောက်က ပုံလေးမှာ သွားကြည့် လိုက်ပါနော်။


Mail Setting ကို ပွင့်သွားပြီးရင်တော့ Labs ဆိုတဲ့ Tab လေးကို Click လိုက်ပါ။ပြီးရင် Massage Sneak Peek ဆိုတာလေးကို တွေ့အောင်ရှာပါ။ မတွေ့ရင်လဲ ကျွန်တော်ပြထားတဲ့ အောက်က ပုံလေးကို ကြည့်ပြီး ရှာလိုက်ပေါ့ဗျာ။



အဲ့ဒီ ပုံလေး အတိုင်းတွေ့ပြီဆိုရင်တော့ Disable နေရာလေးကို အလို အလျောက်ရွေးထားတာ တွေ့ရပါလိမ့်မယ်။ အဲ့ဒီ အခါ အရေးကြီးဆုံးနဲ့ သတိထားရမှာက ကျွန်တော်တို့ က အဲ့ဒီ အမှတ်ရွေးထားတာကို Enable အဖြစ်သို့ ပြောင်းပေးရပါမယ်။ ပြောင်းပေးပြီးရင်တော့ ကျွန်တော်တို့ က ထုံးစံ အတိုင်း Save Changes ဆိုတာလေးကို နှိပ်လိုက် ယုံပါပဲဗျာ။

ပြီးရင် တော့ မိမိတို့ Inbox Mail မှာရှိတဲ့ Mail တစ်ခုခုကို Right Click ထောက်ပြီး Preview အနေနဲ့ ဖတ်ကြည့်လိုက်ပေါ့ဗျာ။ခုန က Connection နှေးနေလို့ ဖတ်လိုမရသေးတဲ့ Mail ကို Preview အနေနဲ့ ဖတ်ရှုလို့ ရသွားတာကို တွေ့ရမှာ ဖြစ်ပါတယ်ဗျာ။ အောက်က ပုံစံမျိုးလေးပေါ့ဗျာ။ ကြည့်လိုက်ပါဦးနော်။


ကဲ ... ကျွန်တော့ အစ်ကို ကိုနေဇော်လင်း ရဲ့ စာဖတ်ပ ရိတ်သတ်လေးတွေ ဘယ်လိုလဲဗျ။ကြိုက်ရဲ့လားလို့ ကြိုက်ရင်တော့ Comment လေးတွေ ပေးခဲ့ပါဦးနော်။ ဒါမှ မဟုတ်လဲဗျာ။ တခြား သူငယ်ချင်းတွေကိုလဲ ကျွန်တော့ IT Bank Site လေးကို ဖိတ်ခေါ်ပေးကြပါဦးလို့ တောင်းဆိုပါရစေဗျာ။

(Yekyawphyo)
9FEB2012-006
baby.blacklay4@gmail.com
Technique & Software
www.nayzawlin.com
yekyawphyo@nayzawlin.com
http://welcometoitbank.blogspot.com
Share this article :

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။