Home » , » ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် မြန်မာပြည်သွားမယ် တဲ့

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် မြန်မာပြည်သွားမယ် တဲ့

Written By မောင်စေတနာ on Saturday, March 17, 2012 | 4:42:00 PM

ပြည်ပမှာ တိမ်းရှောင်နေရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင် ကမ္ဘောဒီးယားရောက်နေတယ်၊ မြန်မာပြည်ကိုလည်း သွားမယ့် အလားအလာ ရှိပါတယ်။ သူ့လူတွေက ကမ္ဘော ဒီးယားကိုသွားပြီး သူနဲ့ တွေ့နေပါတယ်။

ဒီနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာ သတင်းတပုဒ်မှာ "ကမ္ဘောဒီးယားသို့ သွားရောက် (တွေ့ဆုံ) ခြင်းက မြန်မာပြည်သွား(တွေ့)တာထက် ပိုပြီး ဈေးသက်သာသည်" ဆိုပြီး သူ့ကို သွားတွေ့မယ့်သူတဦးကို ကိုးကား ရေးထားပါတယ်။

ဟုတ်ပါတယ်၊ ကမ္ဘောဒီးယားက ပိုပြီး တွက်ချေကိုက်ပါတယ်၊ လေယာဉ်ပေါ် တက်လိုက်သွားရုံပါပဲ။ မြန်မာပြည်မှာ လာတွေ့ကြမယ် ဆိုရင်တော့ ဗီဇာတွေ လျှောက်ရတော့မှာပါ။ မစ္စတာ သက်ဆင်က ဒီဇင်ဘာလမှာ မြန်မာပြည် ရောက်ခဲ့ပါသေးတယ်။

သူက လာမယ့် သင်္ကြန်ကာလ ကဲဖို့ အတွက်တော့ လာအိုနိုင်ငံကို ရွေးထားပါတယ်။ ရှေ့လ ၁၃ ကနေ ၁၅ အထိ လာအိုမှာ ရှိမယ်လို့ ဒီသတင်း http://www.nationmultimedia.com/politics/Thaksin-in-Laos-for-Songkran-30178090.html က ဆိုပါတယ်။

photo - http://www.oknation.net/blog/phanasGook/2007/04/12/entry-1

Source by :http://www.irrawaddyblog.com/
Share this article :

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။