Home » , » မြန်အောင်မှာ မြို့မေတ္တာ ခံယူတဲ့ ငါး မင်းဆွေ

မြန်အောင်မှာ မြို့မေတ္တာ ခံယူတဲ့ ငါး မင်းဆွေ

Written By မောင်စေတနာ on Thursday, March 29, 2012 | 1:30:00 AM

ဒေါ်အောင်ဆန်းစုကြည်ကို အပုပ်ချ၊ ဝေဖန် ရှုံ့ချလေ့ရှိတဲ့ ငါး မင်းဆွေ တယောက် မနေ့က မြန်အောင်ကိုသွားပြီး မြို့မေတ္တာ ခံယူခဲ့တဲ့ အကြောင်း ဖေ့ဘုတ်ပေါ် မှာ ပျံ့နှံ့နေပါတယ်။

မြို့လူထုက မြန်အောင်ကို လာပြီး ဒေါ်စု မကောင်းကြောင်း ပြောဖို့ လာတဲ့ ငါးမင်းဆွေဆိုတဲ့သူကို ဒေါသတွေနဲ့ ကိုယ်ထိ လက်ရောက် ပညာပေးမယ့် အဆင့်အထိဖြစ်ခဲ့ပါသတဲ့။

ငါးမင်းဆွေကလည်း ဒီလိုမျိုး ဆူပူမှုတွေကို လိုလားဟန်ရှိတယ်၊ ဒါမှ သူ့ရာထားချက်ပြည့်မှီမှာ လို့ ရိပ်မိကြတဲ့ NLD လူငယ်တွေက သူ့ကို ရဲတပ်ဖွဲ့ဝင်များနဲ့ အတူ လိုက်လံ စောင့်ရှောက်ပြီး မြို့ အထွက်ထိ ပို့ဆောင်ခဲ့ကြတယ်တဲ့။

“ငါးမင်းဆွေ ၏ ရည်ရွယ်ချက်မှာ..ဒေါ်စုကို အပုတ်ချ..ပြည်သူကိုရန်စ..ပြဿနာဖြစ်အောင် ဖန်တီး..ဒီမိုကရေစီ ဆိုတာ ဒီလို အကြမ်းဖက်ဖို့လားဟု အများပြည်သူ စိတ်ဆိုးအောင် ရည်ရွယ်...ဒီမိုကရေစီ ချစ်သူ ပြည်သူအများ ပြဿနာ မဖြစ် အောင် အထူး သတိထားပြီး... အချင်းချင်း သတိပေး ရှယ်ယာ လုပ်လိုက်ကြပါ..ခင်ဗျား..” ဟု ဖေ့ဘုတ်မှာ ငါးမင်းဆွေရဲ့ ဓာတ်ပုံနဲ့တကွ တင်ထားပါကြောင်း မောင်းခတ် လိုက်ပါတယ်။

ငါးမင်းဆွေကို မြန်အောင်မြို့သူ မြို့သားတွေက ဘယ်လောက်ချစ်ကြောင်း ပြသချက်ကတော့ ကွမ်းတပျစ်ပျစ်နဲ့ သူမျက်နှာကို တမြို့လုံးက ၀ိုင်းပြီး မစင်ပက်ဖို့အထိ လုပ်ကြတဲ့အထိပါပဲ တဲ့။

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။