![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4-di8nblVTDt4FyZkPqkt8ZWvXIbpEC8vDw_EtKRpQIMvD7BsSTCdLeEanJO7Y1Z2TEYhM242VfrVD_zDl112BmurplpSB6O4V60-BHzUlZNqJnO8KhL4XDJA30qu7AIbUxHh0Syb8Oo/s320/s-BRIDE-large.jpg)
ရိုမေးနီးယားနိုင်ငံမှာ ကမ္ဘာ့အရှည်ဆုံး သတို့သမီးဂါဝန်ရှည်တစ်ထည်ကို ပွဲထုတ်ပြသ ခဲ့ရာမှာ အခက်အခဲ တစ်စုံတစ်ရာမှမရှိဘဲ ဂရင်း နစ်စံချိန် ချိုးနိုင်ခဲ့ပါတယ်။ သတို့သမီး ၀တ်စုံရဲ့ ဂါဝန်နောက်တွဲဟာ ၁.၈၅ မိုင် (မီတာ ၃၀၀၀) အထိ ရှည်လျားပြီး ယခင်က ဒတ်ခ်ျနိုင်ငံမှ ဒီဇိုင်နာတစ်ဦးဆွတ်ခူးထားတဲ့ ဂရင်းနစ်စံချိန်ကို ကျော်ဖြတ်ပြီး ကမ္ဘာ့အရှည်ဆုံး သတို့သမီး ၀တ်စုံအဖြစ် မှတ်တမ်းတင်ခြင်း ခံခဲ့ရပါတယ်။
မှတ်တမ်းတင်ခံခဲ့ရတဲ့ သတို့သမီး ၀တ်စုံကို အသက် (၁၇) နှစ်အရွယ် အင်မလီ ဒျူမီထရီစကူလို့အမည်ရတဲ့ မော်ဒယ် မိန်းမပျို လေးတစ်ဦးက ၀တ်ဆင်ပြခဲ့တာဖြစ်ပြီး အလွန် ရှည်လျားလှတဲ့ သတို့သမီးဂါဝန် နောက်တွဲစကို ပရိုပိန်းဓါတ်ငွေ့တွေ ဖြည့်ထားတဲ့ လေပူဖောင်း တွေနဲ့ ချိတ်ဆွဲပြီး လေပေါ်မှာ လွင့်စေခဲ့တာ ဖြစ်ပါတယ်။ ခုလို ရှည်လျားလှပတဲ့ ဂါဝန်တစ်ထည် ဖြစ်ပေါ်လာစေဖို့ ဘူချာရက်မြို့မှာ ဒီဂါဝန်ကို ချုပ်မယ့် အမျိုးသမီး (၁၀) ဦးနဲ့ (၁၁) ရက် ကြာ အောင် ချုပ်ခဲ့ကြရတယ်လို့ အဆိုပါ ၀တ်စုံ ချုပ်လုပ်မှုကို တာဝန်ယူရသူ လဗီနီယာ လက်စ် ကေ့ ဆိုတဲ့ အမျိုးသမီးက ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် အဆိုပါဂါဝန်ချုပ်လုပ်ရန်အတွက် အီတလီနှင့် ပြင်သစ်နိုင်ငံတို့မှ ပိုးစတွေနဲ့ ဇာများကို မှာယူချုပ်လုပ်ခဲ့တာဖြစ်ပြီး စုစုပေါင်း ပေါင် ၄၅၀၀ ခန့် ကုန်ကျခဲ့တယ်လို့ သိရှိရပါတယ်။ ဂရင်းနစ်စံချိန် မှတ်တမ်းတင်ရန် ပြသခဲ့တဲ့ ပြပွဲကို ဘူချာရက်မြို့ရဲ့ နာမည်ကြီး အန်ဒရီး ဖက်ရှင် အလှပြင်ဆိုင်မှ ကြီးမှူးကျင်းပပေးခဲ့တာ ဖြစ်ပါ တယ်။ ယခင်က ဂရင်းနစ်စံချိန်တင်ခဲ့တဲ့ ဂါဝန် ရဲ့အရှည်မှာ ၂၄၈၈ မီတာသာ ရှည်လျားခဲ့ပြီး ယခု ကမ္ဘာ့အရှည်ဆုံး သတို့သမီးဝတ်စုံကတော့ မီတာ ၃၀၀၀ ရှည်လျားတယ်လို့ သိရှိရပါတယ်။ ထွေးငယ်Ref : Metro

![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUmkgE2isyynCto7N2G-GaBzchnPCdptpoDdC0diGslLaZiJ8Gj-eZ3KZCVBPGHALcTFByA4U_76lfu_jQqOWGA_tvZ126xVtyRakGxV65SQiEXc4b9Hf8NnLVqGZoFCaNIJtgv9aemS0/s320/article-1332336840322-124173CA000005DC-68831_466x310.jpg)
Source by :သတင်းကွန်ယက်
0 comments:
Post a Comment