Home » , , » မန္တလေး သင်္ကြန်မဏ္ဍပ် စည်းကမ်းချက်

မန္တလေး သင်္ကြန်မဏ္ဍပ် စည်းကမ်းချက်

Written By မောင်စေတနာ on Wednesday, March 28, 2012 | 10:55:00 PM

ပြီးခဲ့သည့် သင်္ကြန် အတက်နေ့က မန္တလေးတွင် ဖျော်ဖြေနေသော အဆိုတော် လေးဖြူ နှင့် IC အဖွဲ့(ဓာတ်ပုံ - Eleven Media Group)

သင်္ကြန်ကလည်း နီးလာပြီမို့ မန်းသူ၊ မန်းသားများကတော့ သင်္ကြန်ရင်ခုန်သံတွေနဲ့အတူ သင်္ကြန် မဏ္ဍပ်တွေအတွက် လျှောက်လွှာတွေ တင်နေကြတာ ၂၃ ခု ရှိပါပြီတဲ့။ ဒီနှစ်အတွက် မန္တလေး ကျုံးပတ်လည်မှာ မဏ္ဍပ်ပေါင်း ၄၀ ခု ရာထား သတ်မှတ်ထားတယ်လို့လည်း ပေါ်ပြူလာ ဂျာနယ်မှာ ဆိုထားပါတယ်။

မဏ္ဍပ်တစ်ခု ကိုအာမခံငွေ ကျပ်၅သိန်း ပေးသွင်းရမယ်တဲ့။ စည်းကမ်းချက် ၁၉ ခုကို လိုက်နာရမှာဖြစ်ပြီး အဲဒီ စည်းကမ်း ချက်တွေထဲမှာ မဏ္ဍပ်အတွင်း CCTV ကင်မရာတပ်ဆင်တာ၊ ရှေးဦးသူနာပြု အဖွဲ့နဲ့ အမှိုက်ပုံး ထားရှိရမယ် ဆိုတာတွေ ပါဝင်ပါတယ်။

မဏ္ဍပ် နေရာကိုတော့ မဲနှိုက်ပြီး၊ ကံစီမံရာ အတိုင်းသာ ဖြစ်ကြောင်းသိရပါတယ်။ ရိုးရာအစဉ်အလာမပျက် မန္တလေး သင်္ကြန်ဟာ လူတော်တော်များများ နှစ်ခြိုက်တဲ့ သင်္ကြန် ဖြစ်ပါတယ်။

ရန်ကုန်သင်္ကြန် မဏ္ဍပ်တွေနဲ့ ပတ်သက်တဲ့ သတင်းကတော့ အခုချိန်ထိ သဲသဲကွဲကွဲ မရှိသေးပါဘူး။ ၂၀၁၀ ခုနှစ် သင်္ကြန်မှာX2O မဏ္ဍပ် ဗုံးပေါက်ကွဲမှု ဖြစ်ပြီးကတည်းက မဏ္ဍပ်ကိစ္စအတွက် ခွင့်ပြုမိန့်နဲ့ပတ်သက်ရင် ကန့်သတ်မှုတွေ များလာ တယ်လို့ သိရပါတယ်။
Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။