Home » , » ရုပ်ရှင်အနုပညာရှင် အများအပြား ပါဝင် မဲပေးရွေးချယ်ခဲ့သည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အဖွဲ့သစ် ပြန်လည်ဖွဲ့စည်း

ရုပ်ရှင်အနုပညာရှင် အများအပြား ပါဝင် မဲပေးရွေးချယ်ခဲ့သည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အဖွဲ့သစ် ပြန်လည်ဖွဲ့စည်း

Written By မောင်စေတနာ on Wednesday, March 28, 2012 | 12:51:00 AM

e7261

ရုပ်ရှင်အနုပညာရှင် အများအပြား မဲပေးရွေးချယ်ခဲ့သည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ပြန်လည် ရွေးချယ်တင်မြှောက်ပွဲကို မတ်လ ၂၃ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး အလွှာအလိုက် ပါဝင်ရွေးချယ် ခံခဲ့သူများအား လျှို့ဝှက်မဲပေးစနစ်ဖြင့် နှစ်သက်ရာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ မတ်လ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့ ရှိ ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကား ရိုက်ကူးမှုများအားလုံး ရပ်နားထားပြီး အလွှာအသီးသီးရှိ အနုပညာရှင် အတတ်ပညာရှင် အများအပြားလာရောက် မဲပေးရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။

“တကယ့်တကယ်ပြောရမယ် ဆိုရင်တော့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အရာတစ်ခု အချိန်ကိုက်ပေါ်ပေါက်လာ တာပါပဲ။ စာပေလောက အစည်းအရုံး ဆိုတာ စာပေသမားတွေရဲ့လက်ထဲမှာပဲ ရှိရမှာဖြစ်သလို ဂီတအစည်းအရုံး ဆိုတာလည်း ဂီတသမားတွေရဲ့လက်ထဲမှာပဲ ရှိရမှာပါ။ ဒီလိုပဲ ရုပ်ရှင်လော ကသားတွေရဲ့ လက်ထဲမှာလည်း ရုပ်ရှင် အစည်းအရုံး ရှိရမှာပါ။

ကိုယ့်လောကရဲ့ အကျိုးကို သယ်ပိုးဖို့ ကိုယ့်လောကသားတွေ ကိုယ်တိုင်ဆောင်ရွက်ခွင့်ရမှာ ဖြစ်တဲ့အတွက် အင်မတန်ဝမ်းသာစရာ ကောင်းပါတယ်။ သေချာတာကတော့ ဘယ်နေရာမဆို အနုပညာ အလုပ်လုပ်တယ်ဆိုရာမှာ လွတ်လပ်ခွင့် လိုပါတယ်။ စည်းကမ်းနဲ့ လွတ်လပ်မှု လိုအပ်ပါတယ်။ နှောင်ကြိုးတွေ အုပ်ထားမယ်၊ အပေါ်ကနေ ချုပ်ကိုင်ထားမယ်ဆိုရင် ဘယ်အလုပ်မှလုပ် လို့ အဆင်ပြေမှာ မဟုတ်ပါဘူး။ အခုတော့ ကျွန်တော်တို့ရုပ်ရှင်လောကသားတွေ ဦးစီးမယ့် ရုပ်ရှင်လောက အကျိုးကို ဆောင်ရွက်မယ့် အဖွဲ့အစည်းသစ် ဖြစ်ထွန်းလာတာက ကျွန်တော်တို့ ရုပ်ရှင်လောကကြီး အရမ်းကောင်းလာမယ်လို့ မျှော်လင့်မိပါတယ်” ဟု သရုပ်ဆောင် ဇာဂနာ ကပြောပြခဲ့သည်။

မဲပေးရွေးချယ်မှုအပြီးတွင် မတ် လ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ၌ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ပြန်လည်ရွေးကောက် တင်မြှောက်ပွဲဖြစ်မြောက်ရေး ကော်မရှင်အဖြစ် ပါဝင်ဆောင်ရွက်ပေးခဲ့သူ ရုပ်ရှင်နာယက ကြီးများနှင့် အလွှာအလိုက် မဲပေး ရွေးချယ်ခံခဲ့ရသူများ အစည်းအဝေး ပြုလုပ်၍အမှုဆောင်အဖွဲ့ကိုပြန်လည် ဖွဲ့စည်းခဲ့ရာ

မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဌဦးဇင်ဝိုင်း၊ ဒုဥက္ကဌ (၁)ဦးညီညီထွန်းလွင်၊ ဒုဥက္ကဌ(၂) လူမင်း၊ အတွင်းရေးမှူး ဦးဝင်းကြည်၊ တွဲဖက် အတွင်းရေးမှူး(၁)ဦးမျိုးဇော်အောင်၊ တွဲဖက်အတွင်းရေးမှူး(၂) ဦးပြူး၊ ဘဏ္ဍာရေးမှူး ဦးဇော်မင်း (မင်္ဂလာ)၊ စာရင်းစစ်အဖြစ် ဦးဘုန်းမော်၊ ဦးဇော်မင်း (ဟံသာမြေ)၊ ပြန်ကြားရေးမှူး ဦးအေးကြူလေး၊ ဦးကျော်ညွန့်၊ စည်းရုံးရေးမှူးဦး အရိုင်းနှင့် ဒေါ်တူး၊ အဖွဲ့ဝင်များအဖြစ် ဦးတင်ငြိမ်း၊ ဆုသြချယ်၊ ဦးခင်မောင်ကြီး၊ ဦးခင်မောင်ချင်း၊ ဦးဌေးအောင်၊ ဦးကျော်ဝဏ္ဏ၊ ဦးငွေစိုး၊ ဦးအောင်ခိုင်နှင့် သားကျော်တို့ကို မဲခွဲဆုံးဖြတ်၍ ရွေးချယ်ခဲ့သည်။

Source by :http://www.news-eleven.com/
Share this article :

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။