Home » , » မဲစာရင်းတွင် မလျော်ကန်မှုများ ရှိနေကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

မဲစာရင်းတွင် မလျော်ကန်မှုများ ရှိနေကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Written By မောင်စေတနာ on Monday, March 12, 2012 | 10:29:00 PM



အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ကနေဒါ နိုင်ငံခြားရေးဝန်ကြီး John Bairdတို့
မီဒီယာများနှင့် တွေ့ဆုံနေစဉ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က လာမည့် ကြားဖြတ် ရွေးကောက်ပွဲ များအတွက် မဲစာရင်းတွင် မလျော်ကန်မှု၊ မူမမှန်မှုများ ရှိနေကြောင်းနှင့် သေဆုံးသူများလည်း ပါဝင်နေကြောင်း မတ်လ ၈ ရက်နေ့က ပြောကြားခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကနေဒါနိုင်ငံခြားရေး ၀န်ကြီး John Baird နှင့် တွေ့ဆုံ ဆွေးနွေးပြီးနောက် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများ နှင့် တွေ့ဆုံရာတွင် အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“မဲစာရင်းတွေမှာ မူမမှန်တဲ့ဟာတွေ အများကြီးတွေ့ခဲ့ရပါတယ်။ ဒါနဲ့ပတ်သက်လို့လည်း တစ်ခုခု ဆောင်ရွက်ပေးဖို့ ရွေးကောက်ပွဲ ကော်မရှင်ကိုလည်း ပြောကြားထားပါတယ်။ ဒါကြောင့်လည်း အရေးယူ ပိတ်ဆို့မှုတွေနဲ့ ပတ်သက်လို့ နောက်ထပ်ခြေလှမ်းတွေ လှမ်းဖို့အတွက် စဉ်းစားဆုံးဖြတ်မှုတွေ မလုပ်ခင်မှာလာမယ့် ကြားဖြတ်ရွေးကောက်ပွဲများ လွတ်လပ်ပြီး တရားမျှတဖို့အတွက် အနီးကပ် စောင့်ကြည့်စေချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

“မူမမှန်မှုဆိုတာက သေဆုံးပြီးသူတွေက မဲစာရင်းတွေမှာ ပါဝင်နေပြီး လာမယ့် ဧပြီလ ၁ ရက်နေ့ မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲတွေ အတွက် မဲပေးဖို့ ပြင်ဆင်နေပုံ ဖြစ်လို့ပါပဲ”ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ကြားဖြတ် ရွေးကောက်ပွဲများ အတွက် မိမိအမည် မဲစာရင်း၌ ပါရှိစေရေး ပြည်သူများ သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများနှင့် ဆက်သွယ်ရန် အသိပေး နှိုးဆော်ထားပြီး ပါတီများ အနေဖြင့်လည်း မိမိတို့စည်းရုံးထားသည့် မဲဆန္ဒရှင်များ၏ အမည်များကို သက်ဆိုင်ရာ မဲစာရင်းတွင် ပါရှိစေရေး ပူးပေါင်းဆောင်ရွက် ပေးကြရန်လည်း နှိုးဆော်ထားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် လွှတ်တော်အသီးသီးတွင် လွှတ်တော် ကိုယ်စားလှယ် လစ်လပ်နေသော မဲဆန္ဒနယ် ၄၈ နေရာ အတွက် ကြားဖြတ် ရွေးကောက်ပွဲများ ကို ဧပြီလ ၁ ရက်နေ့တွင် ကျင်းပ မည်ဖြစ်သည်။

ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲများအတွက် ပြုလုပ်မည့် မဲဆန္ဒနယ်များမှာ ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ် ၄၀၊ အမျိုးသား လွှတ်တော်မဲဆန္ဒနယ် ခြောက်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်နှစ်နယ်တို့ ဖြစ်ကြသည်။

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။