Home » , » ထိုင်းရောက် အလုပ်သမားတဦးရဲ့ ပေးစာ

ထိုင်းရောက် အလုပ်သမားတဦးရဲ့ ပေးစာ

Written By မောင်စေတနာ on Tuesday, March 13, 2012 | 1:30:00 AM


သို့ 
ထိုင်းအစိုးရ နှင့် မြန်မာအစိုးရ တာဝန်ရှိသူများခင်ဗျား

ထိုင်း-မြန်မာ နှစ်နိုင်ငံ သဘောတူညီမှုဖြင့် ပြုလုပ်ပေးနေသော ယာယီနိုင်ငံကူးပတ်စ်ပို့ များအား ၂၀၀၈ ခုနှစ် ကတည်းက ထုတ်ပေးလျက်ရှိရာ သိန်းကျော်သော မြန်မာရွှေ့ ပြောင်းအလုပ်သမားများ အတွက် ပတ်စ်ပို့  ထုတ်ပေးနေမှုမှာ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီ(၂၈) ရက်နေ့ အထိ အလုပ်ခွင့်ပြုချက် လက်မှတ်ရထားသူများ အား ပြီးပြတ်အောင် ထုတ်ပေးနိုင်ခြင်း မရှိသေးပါ။

အလုပ်ရှင် အများစု တောင်းဆိုမှုကြောင့် ထိုင်းအစိုးရအနေဖြင့် တရားမဝင် ရောက်ရှိလါသော၊ ထိုင်းနိုင်ငံအ တွင်းရှိမြန်မာ၊ လာအို၊ ကမ်ပူးချား အလုပ်သမားများအား ယာယီမှတ်ပုံတင်ခြင်းကို ပြုလုပ် ပေးခဲ့ပါသည်။

ထိုင်းအစိုးရအနေဖြင့် လူသိရှင်ကြား ကြေငြာစဉ်က မြန်မာရွှေ့ ပြောင်း အလုပ်သမားများအနေ ဖြင့် နှစ်နိုင်ငံအစိုးရ မူဝါဒအတိုင်း ယာယီနိုင်ငံကူးပတ်စ်ပို့ အား မကြာမှီအတွင်း ပြုလုပ်ရမည်ဟု ပြောဆိုထား သောလည်း ယခုအခါထိုသို့ မဟုတ်ဘဲ ဖြစ်နေပါသည်။

မြန်မာအလုပ် သမားအများအပြား ပတ်စ်ပို့ကုမ္ပဏီများထံ လျှောက်လွှာ တင်ထားတာ(၉)လကြာပြီ ဖြစ်သော်လည်း ယနေ့ ထက်တိုင်ဖြစ်ပါသည်။ ဘယ်အချိန် ပတ်စ်ပို့ လုပ်ပေးမယ် ပြောလဲဟု မေးသောအခါ ရက်အတိအကျ ငါတို့ မသိဘူးဟု ကုမ္ပဏီ မန်နေဂျာက ပြောပါသည်။

သို့ အတွက် ကျွန်တော်တို့  အလုပ်သမားအများစု အဖြစ်အပျက်များကို ဖြေရှင်းပေးပါရန် တင်ပြအပ်ပါသည်။

ရွှေ့ ပြောင်းမြန်မာအလုပ်သမား

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။