Home » , , , » Virus ကြောင့် USB က File တွေ Shortcut ပုံများ ပြောင်းသွားရင်ဖြင့်

Virus ကြောင့် USB က File တွေ Shortcut ပုံများ ပြောင်းသွားရင်ဖြင့်

Written By မောင်စေတနာ on Tuesday, February 28, 2012 | 10:41:00 PM


ကျွန်တော်တို့ရဲ့ USB Flash Drive ကို Virus ကိုက်လိုက်လို့ ကျွန်တော်တို့ရဲ့ ကွန်ပျူတာထဲမှာ Flash Drive Icon လေးတွေ ပြောင်းသွားမယ် Folder တစ်ခု စီတိုင်းမှာ Folder တွေ အများကြီးလိုလို exe file တွေကိုလည်း မြင်ကောင်းမြင်ရမှာပေါ့။ အဲလို Virus နှစ်မျိုးလုံးက ဒီအချိန် မှာ ခေတ်နောက် ကျသွားပီလို့ ပြောရမလားဗျာ။ခုက Virus Infection ကြောင့် USB Flash Drive ထဲက Folder တွေက Shortcut Icon လေးတွေလိုများ ပြောင်းသွားခဲ့မယ်ဆိုရင်ဖြင့်ပေါ့။

ဒီလို အခြေမျိုးကြုံခဲ့တယ်ဆိုရင်တော့ မစိုးရိမ်ပါနဲ့။ သူတို့တွေ ပျက်မသွားပါဘူး။ ကျွန်တော်တို့ ပြန်ပြီး Retrieve လုပ်ကြည့်နိုင်ပါသေးတယ်။ ကျွန်တော်တို့ တွေကို မြင်ခွင့်မပေးဘဲ ၀ှက်ထားတဲ့ File တွေ Folder တွေကို Recover လုပ်ချင်တယ် ဆိုရင် တော့ ဒီလို လေးလုပ်ကြည့်ပါ။

1. AutorunExterminator ကိုဒေါင်းလိုက်ပါ။



ဒေါင်းပီး Run လိုက်ပါ။ Pen Drive တပ်လိုက်ပါ။ဒါက Pen Drive က autorun.inf files ကို ဖယ်ပေးပါလိမ့်မယ်။ကွန်ပျူတာ Hard Disk က Drive အားလုံးက လည်း ဖယ်ပေးမှာပါ။

2. Start ပီး Run ကိုနှိပ်ပါ။ Win + R ကိုလည်းနှိပ်လို့လည်း ရပါတယ်။ cmd လို့ ရိုက်လိုက်ပီး Enter ခေါက်လိုက်ပါ။ ကျွန်တော်တို့ရဲ့ Drive Letter က ( f ) ဆိုပါတော့ ဒါဆိုရင် ကျွန်တော် တို့ ဒီ Commend လေးကို ရေးရမှာပါ။

attrib -h -r -s /s /d f:\*.*

Command Prompt ထဲမှာ Copy ပီးလုပ်လိုက်လည်းရပါတယ်။ ကိုတို့ ရဲ့ ကွန်ပျူတာထဲကို ၀င်လာတဲ့ Pen Drive Letter ကိုတော့ ပြောင်းလဲဖို့ မမေ့ပါနဲ့။

3. Enter နှိပ်လိုက်ပါ။

Drive ထဲမှာ File တွေ တွေ့ရလား စစ်ကြည့်ပါအုံး။

4.Malwarebytes’ Anti-Malware ဒါလေးကို Download လုပ်လိုက်ပါအုံးနော်။



ဒေါင်းပီး ရင် Update လုပ်ပါအုံး ပီးရင်တော့ Full Scan လုပ်ပါ။ Default အားဖြင့်တော့ Malwarebytes ဟာ Quick Scan ကို ရွေးထားလို့ပါ။ Full Scan လုပ်ပေးရမှာပါ။ ကဲဒါဆိုရင် တော့ Virus ကြောင့် ကျွန်တော် တို့ရဲ့ USB Flash Drive ထဲက Virus ကို ဖယ်ရှားနိုင်သလို ကွန်ပျူတာထဲက Virus ကိုပါ လုံးဝ ဖယ်ရှားပေးမှာပါ။


အားလုံး အဆင်ပြေကြပါစေ.

မျိုးကိုကို
freshest5@gmail.com
Technique & Translate
8JAN2012-004
www.nayzawlin.com
myokokyaw@nayzawlin.com
http://myokokyaw.blogspot.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။