Home » , » မျက်နှာတော် ရွှေသွင်းခြင်း

မျက်နှာတော် ရွှေသွင်းခြင်း

Written By မောင်စေတနာ on Monday, February 20, 2012 | 4:30:00 PM


(ဓာတ်ပုံများ - Kham / Reuters)

ဟနွိုင်မြို့ Viet My အလှပြင်ဆိုင်မှာ ဖေဖော်ဝါရီ ၁၃ ရက်နေ့က မျက်နှာရွှေသွင်းနေတာပါ။



မျက်နှာပေါင်းတင်တာတော့ လူသိများပေမယ့် မျက်နှာကို ရွှေသွင်း၊ ပုလဲသွင်း၊ ရေညှိပေါင်း၊ ဂျပန်ရွံ့စေးပေါင်း၊ အဆိပ်ထုတ်၊ ဂျီးချွတ်၊ ဆားဝက်ခြံစုတ် ဆိုတာတော့ လူသိနည်းကြမယ် ထင်ပါရဲ့။ လူသိနည်းပေမယ့် မြန်မာပြည်က မြို့ကြီးတွေမှာ ဒီလိုဝန်ဆောင်မှုတွေ ရှိနေပါပြီ။ ဘယ်နိုင်ငံတွေက ရောက်လာတဲ့ ၀န်ဆောင်နည်း၊ ငွေရှာနည်းတွေလည်း မသိပါ။



မျက်နှာတခုတည်း နည်းမျိုးစုံ ပြုပြင် ဆေးကြောတာမဟုတ်ပါ။ ဆံပင်၊ မျက်ခုံး၊ မျက်တောင်၊ ခြေ၊ လက်၊ လက်သည်းတို့အတွက်လည်း နည်းနာမျိုးစုံ အလှဆင်နေကြပါတယ်။ ဆံပင်ကြောပြင်တာတောင်ရှိ ဆိုပဲ။



မျက်နှာရွှေသွင်းတဲ့အကြောင်း ပြန်ဆက်ရရင် အီဂျစ်ဘုရင်မ ကလီယိုပါထရာလည်း ဒီနည်းနာ သုံးခဲ့တယ်လို့ ဆိုတယ်။

ဒီနေ့ခေတ် ဆေးပညာရှင်များကတော့ မျက်နှာရွှေသွင်းတာကို အားမပေးကြပါဘူး။ အရေပြား ဒုက္ခပေးမယ့် သက်ရောက်မှုတွေ ရှိတယ်လို့ သတိပေးနေကြတယ်။

နုပျို အရွယ်တင်ဖို့ ရွှေတခါသွင်းရင် မြန်မာပြည်မှာ ဘယ်လောက် ယူတယ် မသိပါ၊ ပုံမှာပါတဲ့ဆိုင်ကတော့ ဒေါ်လာ ၉၀ နီးပါး ယူတယ်လို့ ဆိုတယ်။

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။