Home » , » ပြည်ထောင်စုနေ့ အတွက် အမှတ်တရ

ပြည်ထောင်စုနေ့ အတွက် အမှတ်တရ

Written By မောင်စေတနာ on Sunday, February 12, 2012 | 1:54:00 PM



ယနေ့ဟာ ကျွန်မတို့ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ အထွဋ်အမြတ်နေ့ရက် တစ်ရက်ဖြစ်ပါတယ်။ တိုင်းရင်းသား ပေါင်းစုံ မှီတင်း နေထိုင်ရာ ကျွန်မတို့တိုင်းပြည်မှာ ဒီနေ့ဒီရက်ထက် ပိုအရေးပါတဲ့ရက် မရှိတော့ပါဘူး။ ဒီနေ့ဒီရက်ဟာ မြန်မာပြည်ထောင်စုရဲ့ အဓိပ္ပာယ်ကို အပြည့်အ၀ဖော်ဆောင်ပြနိုင်တဲ့ နေ့ရက် တစ်ရက်ဖြစ်ပါတယ်။

ဒီပြည်ထောင်စုမှာ မှီတင်းနေထိုင်တဲ့ ကျွန်မတို့တွေရဲ့ အဓိကတာဝန်က အားလုံးတစ်စည်း တစ်လုံးထဲရှိဖို့ပဲ။ စည်းလုံးညီညွတ်မှုဟာ ပြည်ထောင်စုရဲ့ အသက်ဖြစ်သလို ကျွန်မတို့ ပြည်ထောင်စု သားအားလုံးရဲ့ တာဝန်လည်းဘဲဖြစ်တယ်။ ကျွန်မတို့ ပြည်ထောင်စုသား၊ တိုင်းရင်းသားအားလုံးမှာ စည်းစည်းလုံးလုံး အတူလက်တွဲ လုပ်ကိုင်ရမဲ့ အလုပ်တွေ အများကြီးရှိနေတယ်။

ဒီပြည်ထောင်စုမှာ မှီတင်းနေထိုင်သူအချင်းချင်း စည်းစည်းလုံးလုံးရှိဖို့ရာက တစ်စိတ်တစ်ဝမ်း တည်းဖြစ်ဖို့ အရေးကြီးတယ်။ တစ်ယောက်ကိုတစ်ယောက်လေးစားစွာ၊ တစ်ယောက်ကိုတစ်ယောက် တန်ဖိုးထားစွာနဲ့ သာတူညီမျှ ရှိနေကြရမယ်။ ညီရင်းအစ်ကို၊ မောင်ရင်းနှမလို ခံစားကြည့်နိုင်တာဟာ တစ်စိတ်တစ်ဝမ်းထဲရှိတာကို ပြသတာပါပဲ။

အတူနေတဲ့ ညီအကိုမောင်နှမတွေမှာ လတ်တလောလုပ်ရမှာက ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးဘဲ။ အခုအချိန်မှာ ငြိမ်းချမ်းရေးဟာ နိုင်ငံရေးဖြစ်ပြီးတော့၊ တိုင်းပြည်ရဲ့ ပြုပြင်ပြောင်းလည်း တိုးတက်မှုရဲ့ အစလည်းဘဲ ဖြစ်လိမ့်မယ်။ ပြောင်းစရာရှိတာတွေ ပြောင်းလည်းလုပ်ကိုင်၊ အကောင် အထည်ဖော်ကြဖို့က ငြိမ်းချမ်းညီညွတ်တဲ့ တိုင်းရင်းသား၊ နိုင်ငံသားတွေ လိုလိမ့်မယ်။

ငြိမ်းချမ်းပြီး ညီညွတ်တဲ့ တိုင်းရင်းသား၊ နိုင်ငံသားတွေကသာ ဒီနိုင်ငံကို တိုးတက်အောင် လုပ်ဆောင်နိုင်လိမ့်မယ်။ ရေရှည်မှာလည်း ဒီနိုင်ငံက ဒီပြည်သူပြည်သားတွေ လူအရသာ၊ လူ့တန်ဖိုး အပြည့်အ၀အထိ ရရှိခံစားနိုင်ဖို့ ကျွန်မတို့တွေရဲ့ ဒီတိုင်းရင်းသား၊နိုင်ငံသားတွေက စည်းလုံးညီညွတ်စွာနဲ့ကြိုးစားလုပ် ဆောင် အကောင် အထည်ဖော်ကြရမှာဘဲ။

လူ့တစ်ဦချင်းစီရဲ့ လူ့ အခွင့်အရေးကို အပြည့်အ၀ရရှိ စေချင်တဲ့ ဒီနိုင်ငံသား၊ တိုင်ရင်းသားသာ ပြည်ထောင်စုမြန်မာနိုင်ငံသားအဖြစ် သတ်မှတ်ရတော့မှာဘဲ။ ပြည်ထောင်စုအရေးဟာ ညီညွတ်နေကြရမယ့် ကျွန်မတို့အားလုံးရဲ့အရေးဘဲ။

လတ်တလောမှာ ငြိမ်းချမ်းရေးကို အမိအရဖော်ဆောင်ပြီး ရေရှည်အတွက်လည်း သာတူညီ မျှတဲ့ အခွင့်အလမ်းတွေ၊ လူ့တန်ဖိုးဆိုင်ရာ လူ့အခွင့်အရေးတွေ အခုကတည်းက ဖော်ဆောင်ပေးနေ ရမယ့် တာဝန်တစ်ရပ်ကို အားလုံးဆောင်ရွက်ကြရလိမ့်မယ်။

ဒါဟာ ပြည်ထောင်စုမြန်မာနိုင်ငံမှာ မှီတင်း နေထိုင်တဲ့ တိုင်းရင်းသား၊ နိုင်ငံသားအာလုံးရဲ့ရင်ထဲမှာ ကိန်းဝပ်နေရမယ့် အသိစိတ်ဓာတ်နဲ့ တာဝန် ဖြစ်သလို အဓိကအခန်းကဏ္ဍက တာဝန်ယူနေသူတွေရဲ့ အရေးလည်းဘဲဖြစ်တယ်။ ကိုယ့်ကိုကိုယ်ချစ်တာဟာ ကိုယ့်အမျိုးကိုချစ်မှ ပြီးပြည့်စုံမယ်။ ကိုယ့်အမျိုးကိုချစ်တယ်ဆိုတာ ကိုယ့်ပြည်ထောင်စုကို ချစ်တာဘဲ။

ကိုယ့်ပြည်ထောင်စုထဲမှာ မှီတင်းနေထိုင်တဲ့ ကိုယ့်နိုင်ငံ၊ ကိုယ့် တိုင်းရင်းသားကို လူ့အဆင့် အတန်းမှီမှီနေစေချင်တာဘဲ။ ကိုယ့်လူတွေကို လူ့အခွင့်အရေးရစေချင် တာဘဲ။ အဲဒါကို ကျွန်မတို့အားလုံး လုပ်ကြရမှာဘဲ။


(မွေးဌာနေ ပွေးလှရွာကလေးနှင့် ပင်းတယအလွမ်းပြေ၊ မိမိလူမျိုးဓနုတိုင်းရင်းသားများနှင့် ပြည်ထောင် စုတွင်း မှီတင်းနေထိုင်ကြကုန်သော တိုင်းရင်းသားတို့အား ချစ်မြတ်နိုးသောအား ဖြင့် ခံစားရေးဖွဲ့ပါ သည်။)

Source by :http://onlinepyadaik.com/profiles/blog/show?id=4021190%3ABlogPost%3A427003&xgs=1&xg_source=msg_share_post
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။