Home » , » ၁၀ နှစ်အကြာမှာ ဒေါ်အောင်ဆန်းစုကြည် ဆီရောက်သွားတဲ့ဆု

၁၀ နှစ်အကြာမှာ ဒေါ်အောင်ဆန်းစုကြည် ဆီရောက်သွားတဲ့ဆု

Written By မောင်စေတနာ on Sunday, February 12, 2012 | 5:30:00 PM

(ဓာတ်ပုံများ - ဧရာဝတီ)

၂၀၀၂ ခုနှစ်မှာ ကုလသမဂ္ဂ ယူနက်စကိုက ဒေါ်အောင်ဆန်းစုကြည်ကို ပေးတဲ့ဆုဟာ ၁၀ နှစ်အကြာမှာ ကာယကံရှင်လက်ထဲ ရောက်လာပါတယ်။ မနေ့တုန်းက ရန်ကုန်မြို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို ယူနက်စကို ညွှန်ချုပ်ရုံးက အရာရှိတဦးဖြစ်သူ Mr. Ryuhei Hosoya သွားရောက်ပြီး ဆုပေးခဲ့တာပါ။

ဆုအမည်က UNESCO-Madanjeet Sign Prize ဖြစ်ပြီး ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လမ်းညွှန်ပြသခဲ့တဲ့ သည်းခံခြင်း၊ အကြမ်းမဖက်ခြင်း အရည်အချင်းများကြောင့် ဒီဆု ပေးအပ်ခဲ့တာလို့ သတင်းဟောင်းတွေက ဆိုပါတယ်။


ဒီဆုဟာ ၁၉၉၆ မှာ စတင် ပေါ်ပေါက်လာတယ် လို့ ယူနက်စကို ၀က်ဆိုက် www.unesco.org/new/en/social-and-human-sciences/events/prizes-and-celebrations/unesco-prizes/madanjeet-singh-prize/ မှာ ရေးထားပါတယ်။ ၂ နှစ်တကြိမ် ဆုပေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဆုပေးဖို့ ရွေးချယ်ခဲ့တဲ့ ၂၀၀၂ ကတည်းက ဆုမှာ ပါဝင်တဲ့ ငွေသားကို ဒေုလာ တသိန်းအထိ တိုးမြှင့်ခဲ့ပါတယ်။

ယူနက်စကိုအဖွဲ့ကြီးရဲ့ ဆုတွေကို အခုလို တွေ့ရပါတယ်

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။