![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYkaDAwdXrRDNeVErbsTCOmxrqMuHgJX7u04uIoPCSiw9sgJR4u83zlGANb0C3ZJOrnl4L0jQ0HlHvT1Ywqu0WJ8a-HYQSzL3r5avTdbHj1fVDaRmbt1sPK8Gf5ZM66JYDjkL4y_bPdhyphenhyphen7/s400/wel.jpg)
မန်ယူအသင်း သည် ကြာသပတေး နေ့တွင် ကစားမည့် အေဂျက်နဲ့ပွဲ အတွက် ဒဏ်ရာမှပြန်လည်သက်သာလာသော နာနီ ၊ ဖီးဂျုံးစ် ၊ စမောလင်းတို့ပါဝင်သော ယူရိုပါလိဂ်ပွဲလူ စာရင်းအယောက်(၂၀)ကို ထုတ်ပြန်ခဲ့ သည်။
လီဗာပူးပွဲတွင် မပါဝင်နိုင်သော အက်ရှ်လေယန်း ပြန်လည်ပါဝင်လာပီး ဂစ်နှင့်ဘာ ဘာတော့တိုမှာ ဒဏ်ရာကြောင့် မပါဝင်နိုင်ဘဲ အီဗရာကိုတော့ ဆာအဲလက်စ် မှ အနားပေးခဲ့ခြင်းဖြစ်သည်။
ဆာအဲလက်စ်သည် ချန်ပီယံလိဂ်အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီးနောက် ကျန်ရှိခဲ့သောယူရိုပါလိဂ်ပြိုင်ပွဲအတွက် တောင့်တင်းသော လူစာရင်းကို ရွေးချယ်ခဲ့သည်။
လင်ဒီဂတ် ၊ ဖလက်ချာ ၊ အန်ဒါဆန် ၊ အိုဝင်တို့ကတော့ ဒဏ်ရာရစာရင်းတွင်ပါဝင်ဆဲဖြစ်ပြီး လူ ငယ်ကွင်းလယ်ကစားသမား ကလီဗာလေကတော့ ပြန်လည်ကောင်းမွန်ကာ ပထမအသင်းလူစာရင်းမှာ ပါဝင်လာခဲ့သည်။
လူ ငယ်ကစားသမား များဖြစ်ကြသော ဖရိုင်ယာနှင့်ပေါ့ဘာတို့လဲ အယောက်(၂၀) စာရင်းမှာပါဝင်လာခဲ့သည်။ မန်ယူမှ ခေါ်ယူလာခဲ့သော အယောက်(၂၀) စာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။
ဂိုး - ဒီဂီးယာ ၊ အာမို့စ် ;
နောက်တန်း - ဖာဒီနန် ၊ ဖာဘီယို ၊ ရာဖေးလ် ၊ အီဗန် ၊ စမောလင်း ၊ ဖီးဂျုံးစ် ၊ ဖရိုင်ယာ ;
အလယ်တန်း - ဗလင်စီယာ ၊ နာနီ ၊ ကာရစ် ၊ ပေါစခိုး ၊ အက်ရှ်လေယန်း ၊ ပက်ဂျီဆန် ၊ ကလီဗာလေ ၊ ပေါ့ဘာ ;
ရှေ့တန်း - ရွန်းနီ ၊ ၀လ်ဘက် ၊ ဟာနန်ဒက်ဇ်;
Source by :http://mutdfan.com/

0 comments:
Post a Comment