Home » » နိုင်ငံခြား ကျောင်းသားများ အကြွေးဆပ်ရန် ပျက်ကွက်

နိုင်ငံခြား ကျောင်းသားများ အကြွေးဆပ်ရန် ပျက်ကွက်

Written By မောင်စေတနာ on Thursday, February 9, 2012 | 11:30:00 AM



အင်္ဂလန်တွင် ပညာသင်ကြားရေးအတွက် ဗြိတိသျှ အခွန်ထမ်းပြည်သူတို့၏ ငွေများကို ချေးယူခဲ့သော နိုင်ငံခြားသား ကျောင်းသား ထောင်ပေါင်းများစွာတို့ အကြွေးဆပ်ရန် ပျက်ကွက်နေကြသည်။

ဥရောပသမဂ္ဂ (အီးယူ) နိုင်ငံများမှ ကြွေးဆပ်ရမည့် ကျောင်းသားများ၏ ၄၅ % သည် လွန်ခဲ့သော ဧပြီလမှစ၍ ကြွေးဆပ်ရန်ရှိ နေပါလျက် ကြွေးမဆပ်ဘဲ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားခဲ့ကြသည်။ ဤသတင်းကြောင့် ပညာသင်ကြေးအတွက် အစိုးရထံမှ ချေးငွေဖြင့် ဘွဲ့ ရရှိရန် အလားအလာရှိကြသော ကျောင်းသားများအဖို့  ပြဿနာဖြစ်စရာရှိသည်။

ကြွေးဆပ်ရန်ရှိသည့် အင်္ဂလန် ကျောင်းသားများအနက် ရှောင်တိမ်းနေသူများသည် ၂% သာလျှင် ရှိသည်။ ကျန်သော ကြွေးတင် ကျောင်းသားများကမူ ရရှိသော လစာသည် သတ်မှတ်ပေးထားသော လစာနှုန်းထက် နိမ့်နေသဖြင့် ကြွေးဆိုင်းငံ့ခွင့် ရရှိထားကြ သည်။ ဥရောပသမဂ္ဂ၀င်နိုင်ငံများမှ ကျောင်းသားအတော်များများသည် မိမိတို့၏ နေရင်း တိုင်းပြည်များသို့ ပြန်သွားခဲ့ကြပြီးဖြစ်သည်။

မိမိတို့ မည်သည့်နေရာဒေသမှာ ရှိနေကြာင်းကို ကျောင်းသားချေးငွေကုမ္ပဏီ (SLC) သို့ အကြောင်းမကြားဘဲသော်၎င်း၊ အကြွေးဆိုင်းငံ့ခွင့် မတောင်းခံဘဲသော်၎င်း ရှိနေကြသည်။ ငွေချေးခဲ့သူ ကျောင်းသားများ ပေးဆပ် စရာရှိသော ကြွေးငွေ စုစုပေါင်းသည် (၂၀၀၉ /၂၀၁၀) နှစ်ကုန်တွင် ပေါင်စတာလင်ငွေ (၄၇ ဒသမ ၄) သန်း ဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းများဌာန (BIS) ၏ ထုတ်ပြန်သော စာရင်းများအရ သိရသည်။ ရှာ၍မတွေ့ သော (သို့ မဟုတ်) ကြွေးကျန်သော ကျောင်းသားများအနေနှင့် ကြွေးမဆပ်တော့ပါက ဘဏ္ဏာရေးဌာနအဖို့ ပေါင်စတာလင်ငွေ သန်း (၂၀) ကျော် ဆုံးရှုံးသွားလိမ့်မည်ဖြစ်သည်။

ကြွေးမဆပ်သူ ကျောင်းးသား (၄) ပုံ (၃) ပုံနှင့်ပတ်သက်၍ ‘လောလောဆယ်မှာ ကြွေးမဆပ်သေး (ကြွေးဆပ်မှုအဆင့် သတ်မှတ်ရေးအတွက် နောက်ထပ် သတင်းအချက်အလက်များလိုအပ်)’ဟု မှတ်ချက်ပေးထားသည်။ ကျောင်းသားချေးငွေ ကုမ္ပဏီ (SLC) အနေနှင့် ထို ကျောင်းသားများကို ရှာမတွေ့သည့် သဘောဖြစ်သည်။ အင်္ဂလန် တက္ကသိုလ်များမှာ တနှစ်တာ ပညာသင်ကြေးကို ပေါင်စတာလင် (၉,၀၀၀) အထိ တိုးမြှင့်လိုက်ပါက ယခုနှစ်မှာ အီးယူ ကျောင်းသားများ ချေးယူရရှိနိုင်မည့် ချေးငွေပမာဏသည်လည်း သိသိသာသာ တိုးလာမည်ဖြစ်သည်။ မကြာမီမှာ အခွန်ထမ်းတို့၏ ငွေများ ဥရောပသမဂ္ဂသို့  ကြွေးဆုံး အဖြစ် ‘သွေးယိုစီးသွား’ ရချည်ရဲ့ ဟု ရတက်မအေးစရာဖြစ်နေသည်။

နိုင်ငံခြားကျောင်းသားများ ကြွေးမဆပ်ခြင်းသည် ‘စနစ်၏ မွေးရာပါ’ ဖြစ်သည်ဟု အဆင့်မြင့်ပညာရေး ပေါ်လစီအဖွဲ့ (Higher Education Policy Institute) ၏ ညွှန်ကြားရေးမှူးဖြစ်သူ ဘာ့ရမ်း ဘဲခရတ် နီယာက ဆိုပါသည်။ ‘အီးယူကျောင်းသား အတော်များများကတော့ ကြွေးပြန်ဆပ်မှာ မဟုတ်ဘူး။

ပြည်တွင်းကျောင်းသားတွေနဲ့  အတူတူလောက်ဘဲ၊ အီးယူကျောင်းသားတွေ ဆီကလည်း ကြွေးတွေပြန်တောင်းလို့ ရမှာ မဟုတ်ဘူး’ ‘ဒါကတော့ စနစ်ရဲ့  မွေးရာပါပဲ။ ဒီကျောင်းသားတွေ ဘယ်မှာရှိတယ် ဆိုတာကို ဖေါ်ထုတ်ပြီး၊ တရားစွဲဖို့ ဆိုတာက စဉ်းစားကြည့်ရင် တော်တော်ခက်တဲ့ကိစ္စ ဖြစ်နေမလားပဲ။ ကုန်ကျစားရိတ်လည်း တော်တော် ကြီးလိမ့်မယ်။’

ကျောင်းသားချေးငွေကုမ္ပဏီ (SLC) အနေနှင့် ဗြိတိန်မှာ အလုပ်ရသော ဘွဲ့ ရများဆီမှနေ၍ ငွေကို တိုက်ရိုက် နှုတ်ယူ၍ရပါသည်။ သို့ရာတွင် နိုင်ငံခြားမှာ နေထိုင်ပြီး၊ အလုပ်လုပ်နေသူများ ကိစ္စတွင်မူ ထိုသူတို့က ၀င်ငွေအကြောင်းနှင့်ပတ်သက်၍ နောက်ဆုံးပေါ် သတင်း အချက်အလက်များပေးခြင်းနှင့် ကိုယ်ပိုင်အစီအစဉ်ဖြင့် ကြွေးဆပ်ခြင်းတို့ကိုသာ မျှော်လင့် အားထားစရာရှိတော့သည်။
ကြွေးခြင်းမပြုလျှင် ပြစ်မှုဖြင့် တရားစွဲဆို ခံရနိုင်ကြောင်း (သို့တည်းမဟုတ်) ကြွေးကို တလုံးတခဲတည်း ပြန်ဆပ်ရမည်ဖြစ်ကြောင်း ဘွဲ့ ရများအား သတိပေးထားသည်။ အာဏာပိုင်များအနေနှင့် ဗြိတိသျှတရားရုံးများ၏ စီရင်ဆုံးဖြတ်ချက်များကို ရယူပြီး ကြွေးတောင်း နိုင်ကြပါသည် (ဥရောပသမဂ္ဂ၀င် အခြားနိုင်ငံများ၏ တရားရုံးများကလည်း စီရင်ဆုံးဖြတ်နိုင်သည်)။ သို့ရာတွင် ဤကဲ့သို့သော အမှုမျိုးမှာ ရှားသည်။

အင်္ဂလန်တက္ကသိုလ်များရှိ ဘွဲ့ ကြို၊ ဘွဲ့ လွန်ကျောင်းသားဦးရေ (၂၀) တွင် အီးယူ ကျောင်းသားများတဦးနှုန်း ပါဝင်သည်ဟု အင်္ဂလန် တက္ကသိုလ်များ၏ လက်ထောက် အဓိပတိများအဖွဲ့ မှ ထုတ်ပြန်သော ကိန်းဂဏန်း များအရ သိရသည်။

မောင်မောင်သန်း
Source: Telegraph.co.uk

Source by :http://www.maukkha.org
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။