Home » , » သတ္တိခဲ ၁၄ နှစ်မ

သတ္တိခဲ ၁၄ နှစ်မ

Written By မောင်စေတနာ on Thursday, February 16, 2012 | 8:00:00 PM


Abigail Fleming ဆိုတဲ့ အင်္ဂလိပ်မလေးက လာမယ့် စနေနေ့မှာ ၁၆ နှစ်မြောက်မွေးနေ့ပွဲလုပ်ဖို့ ပြင်နေပါတယ်။ ဒါပေမယ့် သူက ၁၄ နှစ်ပဲ ရှိပါသေးတယ်။


သူ့မှာ ဖြစ်နေတဲ့ အရိုးကင်ဆာကြောင့် သူ အသက် ၁၆ နှစ်အထိ နေရမှာမဟုတ်ဘူးဆိုတာ ဆရာဝန်တွေပြောထားလို့ သူသိထားပြီးပြီ တဲ့။ အင်္ဂလန်၊ တောင်ပိုင်းယော့ရှိုင်းယား Maltby မြို့လေးက ကလေးမလေးပါ။

ဒါကြောင့် သူက ၁၆ နှစ်ပြည့် မွေးနေ့ပွဲကို ကြိုလုပ်ဖို့ ပြင်နေတာပါ။ မွေးနေ့ပါတီမှာ မိသားစု၊ သူငယ်ချင်းများ သူ့ဘေး ရှိနေကြမယ်ပေါ့။

‘bucket list’ လို့ သူခေါ်တဲ့ သူမကွယ်လွန်ခင် လုပ်ဆောင်မယ့်ဟာတွေအတွက် ၂ ပေါင် (မြန်မာငွေ နှစ်ထောင်ကျော်) စီ လှူကြဖို့ သူငယ်ချင်းတွေ၊ မွေးနေ့ပွဲလာမယ့်သူတွေကို ပြောထားပါတယ်။

‘bucket list’ ဆိုတဲ့ နာမည်က kicked the bucket - သေဆုံးခြင်း ဆိုတဲ့ ဗန်းစကားကို ယူသုံးထားတာပါ။

သူ့လုပ်ဆောင်စရာတွေထဲမှာ အဆိုတော် Ed Sheeran နဲ့ တွေ့မယ်၊ သူသီချင်းဆိုတာ ကြည့်မယ်၊ မီးပုံပျံစီးမယ်၊ သူတို့ဆီက ကလေးတွေအကြိုက် လုပ်ထားတဲ့ Alton Towers ဟိုတယ်မှာ တည်းမယ်၊ စကော့တလန် သွားလည်မယ် ဆိုတာ ပါသလို custard pie ဆိုတဲ့မုန့် ကြီးကြီး၊ ဂျယ်လီသီးတွေနဲ့ ဆော့ရတဲ့ ကစားနည်းလည်း ပါပါပတယ်။

“ကင်ဆာကြောင့် ဘ၀ဆုံးရတော့မယ်ဆိုတာ ကျမ သိပါတယ်၊ ကျမ ဆက်ပြီး တောင့်ခံသွားမယ်၊ ဘ၀မှာ ကျန်နေတဲ့အချိန်ကို ကျမ မိသားစု၊ ကျမ သူငယ်ချင်းတွေနဲ့ နေပါ့မယ်။ ကျမ မွေးနေ့ပွဲကို စောင့်မျှော်နေပါတယ်” တဲ့။ သတ္တိခဲ ဆယ်ကျော်သက်မလေးက ဆိုပါတယ်။

“မွေးနေ့ပွဲအတွက် စီစဉ်ထားတာတော့ အများကြီးပဲ။ ပြီးတော့ ကျမ လုပ်စရာတွေကို စပြီး လုပ်နိုင်မှာပါ” တဲ့။

၂၀၀၈ မှာ ဘယ်ဘက်ခြေထောက်က စပြီး ကင်ဆာ ဖြစ်တော့ ကီမိုသရဖီကုထုံးနဲ့ ကုခဲ့ပေမယ့် လအနည်းငယ်အကြာမှာပဲ ဘယ်ဘက်ဒူး အထက်ကနေ ဖြတ်တောက်ခဲ့ရပါတယ်။

ပုံမှန် ကုသမှု ခံယူနေတုန်းမှာပဲ ၂၀၁၀ ဒီဇင်ဘာမှာတော့ အဆုပ်ရဲ့ ဘယ်ဘက်ခြမ်းထဲ အကျိတ်တွေ့ပါတယ်။

အရင်က ကျန်းကျန်းမာမာ ရှိခဲ့တဲ့ ကလေးဟာ ကင်ဆ်ာဖြစ်လာကတည်းက ဆေးရုံမှာပဲ အနေများခဲ့ရပါတယ်။

မိဘများကတော့ ဒီကလေး လုပ်ချင်တာတွေအကုန်လုံး လုပ်ပေးနိုင်ဖို့ မျှော်လင့်နေပါတယ်။


ညွှန်း - http://www.thestar.co.uk/news/health/poignant_16th_birthday_for_courageous_abigail_1_4241263

Picture: Ross Parry Agency


Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။