![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlsfxvithyphenhyphen1A8kE6DuAUGi3ipv6cxZskvKH2gmfF1Fgu-MqpEQd8VJnoqyT9AfvGh1YlziwKypf93bvlpgrFdV0GYJWDVnbz4O4u0U_Y3_fGovXXqpqvF9BPrbGmTTfmDlBhJz-m_P33IM/s400/w50_19.jpg)
ကမ္ဘာကျော် အမျိုးသမီးအဆိုတော် ၀ှစ်တနီဟူစတန်သည် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ကာလီဖိုးနီးယားပြည်နယ် ဘီဗာလီဟေးလ်ရှိ ဟိုတယ်တစ်ခုတွင်ရှိနေစဉ် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။
အသက် ၄၈ နှစ်သာရှိသေးသည့် ဟူစတန်မည်သည့် အကြောင်းကြောင့်သေဆုံးခဲ့ရသည်ကိုစုံစမ်းစစ်ဆေးဆဲဖြစ်ပြီး ရာဇ၀တ်မှုကြောင်း အရသံသယဖြစ်ဖွယ် အနေအထားမျိုးကိုမူမတွေ့ရကြောင်း ဘီဗာလီဟေးလ်ရဲဌာနမှ ရဲအရာရှိ မာ့ခ်ရိုဆန်က ပြောကြားခဲ့သည်။
ဟူစတန်နှင့်ချစ်ကြိုက်ခဲ့ဖူးသူ ဟစ်ပ်ဟော့ အဆိုကျော် Ray J ၏ ပြောကြားချက်အရ မူဟူစတန်၏ အလောင်းကို ကိုယ်ရံတော်ဖြစ်သူက စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ဟူစတန်သည် နှစ်အတန်ကြာ ဆေးစွဲသည့်ပြဿနာကို ရင်ဆိုင်ခဲ့ရသူဖြစ်ပြီး သက်တမ်းတစ်လျှောက် ဂီတအယ်လ်ဘမ် သန်း ၁၇၀ ခန့် ရောင်းချခဲ့ရပြီးဖြစ်သည်။
''The Greatest Love of All" အပါအ၀င် အထူးထင်ရှားသည့် သီချင်းများကို သီဆိုခဲ့သူ ဟူစတန်သည် လော့စ်အင်ဂျလိစ်တွင် နှစ်စဉ်ပြုလုပ်နေကျ ဂရမ်မီဆုနှင်းသဘင်မတိုင်မီ တစ်ရက်အလိုတွင် ကွယ်လွန် သွားခဲ့ခြင်းဖြစ်သည်။ ဟူစတန် သည် ဖေဖော်ဝါရီ လ ၉ ရက်နေ့ကပင် ဂရမ်မီအကြိုပွဲ တစ်ရပ်တွင် ဖျော်ဖြေခဲ့သေးသည်ဟု သိရသည်။ ဟူစတန်သည် ၁၉၉၆ ခုနှစ်က The Preacher's Wife ဇာတ်ကားတွင် ပါဝင်ခဲ့ပြီးနောက် ရုပ်ရှင်လောကသို့ တစ်ကျော့ပြန်လာမှုအဖြစ် Sparkle ၏အမည်အရ ဇာတ်ကားသစ်တွင် ပါဝင်ထားခဲ့သည်။
ဟူစတန်ကွယ်လွန်မှုအပေါ် ပရိသတ်များနှင့် အနုပညာအသိုင်းအ၀ိုင်းမှ ၀မ်းနည်းကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့ရသည်။ ၁၉၈၀ ပြည့်နှစ်များအတွင်း အရောင်းရဆုံး တေးအယ်လ်ဘမ်များဖြစ်သည့် Saving All My Love for You၊ How will I Know၊ The Greatest Love of All၊ Where Do Broken Hearts Go၊I Wanna Dance With Somebody (Who Love Me)တို့ ပါဝင်ခဲ့သည်။ The Bodyguard ဇာတ်ကားအပါအ၀င် ၁၉၉၀ ပြည့်နှစ်များအတွင်း ရုပ်ရှင်ဇာတ်ကား အမြောက်အများတွင်လည်းပါဝင်သရုပ်ဆောင်ခဲ့သည်။ အနုပညာနယ်ပယ်တွင် အောင်မြင်ခဲ့သော်လည်း မူးယစ်ဆေးနှင့် အရက်ကြောင့် ဒုက္ခရောက်ခဲ့ရသူဖြစ်သည်။
Ref;CNN
Source by :http://www.news-eleven.com/

0 comments:
Post a Comment