Home » » IT Professional ဖြစ်လိုသူများ အတွက် Hyper Tech Center ဖွင့်လှစ်

IT Professional ဖြစ်လိုသူများ အတွက် Hyper Tech Center ဖွင့်လှစ်

Written By မောင်စေတနာ on Sunday, January 1, 2012 | 9:47:00 PM



IT နည်းပညာရပ်ကို လေ့လာလိုက်စားနေကြသည့် နည်းပညာနယ်ပယ်မှ ကျောင်းသားလူငယ်များအတွက် ၂၀၁၂ ခုနှစ် ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်နေ့တွင် Hyper Tech Training Center သစ်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်းသိရှိရပါသည်။

အရှိန်အဟုန်နှင့် တိုးတက်နေသော မြန်မာနိုင်ငံ၏ နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး၊ Hyper Tech Training Center မှ Hardware သင်တန်း၊ Network သင်တန်း၊ Linux သင်တန်း၊ CCNA သင်တန်း CCNP သင်တန်းများ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပါသည်။ အဆိုပါသင်တန်းများကို သတ်မှတ်ထားသည့် သင်တန်း ကာလအတွင်း စာတွေ့ရော လက်တွေ့ပါ ကျွမ်းကျင်ပိုင်နိုင်မှုရှိအောင် သင်ကြားပေးသွားမည်ဖြစ်ပြီ၊ အခြေခံ စာတွေ့ လက်တွေ့ ပိုင်နိုင်ပြီးသူများအတွက် Advence Course များပါ Level အလိုက် တက်ရောက်နိုင်ရန် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

လက်တွေ့လုပ်ငန်းခွင်အတွင်း အခက်အခဲ မရှိကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ နိုင်ငံတကာအဆင့်မီသော သင်ရိုးညွှန်းတမ်းများဖြင့် သင်ကြားပေးသွားမည့်ဖြစ်ပါသည်။ ကျွမ်းကျင် သောဝါရင့်ဆရာများ၊ တည့်မတ်သေချာစွာ ညွှန်ပြပေးနိုင်သော နည်းပြများ၊ နိုင်ငံတကာအဆင့်မီ စမ်းသပ်လေ့ကျင့်နိုင်သော Lab Room များဖြင့်ဖွင့်လှစ်ပေးထားကြောင်းသိရှိရသည်။

IT နည်းပညာ ကို လေ့လာလိုသူ ပြည်တွင်း ပြည်ပမှ ကျောင်းသားများအတွက် လိုအပ်သော အကြံပေးလမ်းညွှန်မှုများနှင့် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက အမှတ် (၂၀) ၊ ၁၆၅ လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်းနံပါတ် ၀၁၃ ၄၅၀၄၆၃၊ ၀၉ ၇၃၁၇၅၆၁၃၊ ၀၉ ၇၃၂၀၉၇၈၉၊ ၀၁၁ ၂၉၃၀၈၅ တို့ကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း သတင်းရရှိခဲ့ပါသည်။

Source by : သတင်းကွန်ယက်
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။