Five Stars အဖွဲ့၏ငါးနှစ်ပြည့် ဖျော်ဖြေပွဲအား ရန်ကုန်မြို့မျှော်စင်ကျွန်းတွင် ဇန်န၀ါရီလ ၅ ရက် နေ့ညနေ ၆ နာရီတွင်အခမဲ့ကျင်းပပြု လုပ်ခဲ့ရာ လာရောက်အားပေး ကြည့်ရှုသူ ပရိသတ်များနှင့် စည်ကားများပြား ခဲ့သည်ဟု သတင်းရရှိသည်။ အဆိုပါအစီအစဉ်တွင် အစီအစဉ်တင်ဆက်သူများအဖြစ် သရုပ်ဆောင်ခင်လှိုင်နှင့် မတင်မိုးလွင်တို့က ပါဝင်ဆောင်ရွက်ခဲ့ကြသည်။
ဖျော်ဖြေပွဲမစတင်မီ Five Stars အဖွဲ့မှ ဆရာသမားများအား ဂါရ၀ပြုအစီအစဉ်ကို ပြုလုပ်ခဲ့ရာ ရွာစားကျော် ဦးစိန်ဘ၊ ဟာသ လူရွှင်တော်ဆရာဦးတိမ်ညွန့်၊ ရေဒီယိုဆရာဦးမန်းကျော်၊ ဟာသလူရွှင်တော်ဆရာ ဦးပေါက်ကျော်၊ ဦးဝင်းနိုင်(အနုပညာ)၊ ဆရာဦးစိန်ပေါက်၊ ဆရာဦးအောင်ကျော်၊ ဦးဧရာ၊ ကိုကျော်ထူး၊ ဂီတစာဆို တေးရေး မလှိုင်သန်းထွန်း၊ ဦးစိန်ရိုး၊ ဦးစံမိုး၊ ဒါရိုက်တာမောင်သီ၊ အလင်္ကာ ၀တ်ရည်တီးဝိုင်း အဖွဲ့ခေါင်းဆောင် ဦးမောင်မောင်အေး၊ မန္တလေးမြို့မှဆရာ ဦးထင်ပေါ်၊ဆရာဦးတင်လှိုင်တို့အား ဂါရ၀ပြုကန်တော့ခဲ့ကြသည်။ ထို့ နောက် အပျိုတော်အကဖြင့် ဖျော်ဖြေပွဲအား စတင်ဖွင့်လှစ်ခဲ့သည်။

ဖျော်ဖြေပွဲတွင် Five Stars လူရွှင်တော် အဖွဲ့ဝင်များဖြစ်သည့် အောင်သော်၊ အောင်မော်၊ မျောက်ရှုံး၊ ကျင်ဝှက်၊ ကြာစိတို့က ပရိသတ်များ ကို အဖွင့်မိတ်ဆက် ပြက်လုံးများဖြင့် တင်ဆက်ပေးခဲ့သည်။ ထို့နောက် Champion of Dance အစီအစဉ်တွင် ဗိုလ်စွဲခဲ့သည့် ယူနိုဖိုးအဖွဲ့မှ ကပြ တင်ဆက်ခဲ့ကြသည်။ တေးသီချင်း ဖျော်ဖြေမှုများဖြင့် တင်ဆက်ခဲ့ရာ အဆိုတော်ရတနာမိုင်၊ Wai လျှံ၊ ရဲလေး၊ သြရသ၊ အိမ့်ချစ်စသူတို့က ဖျော်ဖြေပေးခဲ့ကြသည်။
အငြိမ့်ခန်းတင်ဆက်မှုအဖြစ် Five Stars လူရွှင်တော်အဖွဲ့နှင့် အတူ မင်းသမီးဝါ၀ါလှိုင်၊ မိုးပြည့်ပြည့်မောင်၊ ရတနာမိုင်တို့က ပါဝင်ကပြ ပေးခဲ့ကြသည်။
“ကျွန်တော်တို့အဖွဲ့ အခုလို ပရိသတ်အားပေးတဲ့နေရာ တစ်နေရာကို ရောက်လာတာက ကျွန်တော်တို့ကို မြေတောင်မြှောက်ပေးတဲ့ ဆရာတွေကြောင့်၊ အားပေးတဲ့ ပရိသတ်တွေ ကြောင့်ပါ။ ဒါကြောင့် ကျေးဇူးဆပ် တဲ့အနေနဲ့ ဒီပွဲလေးကိုလုပ်ဖြစ်တာပါ” ဟု Five Stars အဖွဲ့မှ အောင်သော်က ရှင်းပြခဲ့သည်။
ယခုပွဲမှရရှိလာသည့် အကျိုးအမြတ်များ အားလုံးကို စာသင်ကျောင်း တစ်ကျောင်း ဆောက်လုပ် လှူဒါန်းသွားရန် ရည်ရွယ်ထားသည်ဟု သိရှိရသည်။
Source by :http://www.news-eleven.com/

0 comments:
Post a Comment