Home » , » Facebook မှာတွေ့ပြီး လက်ထပ်လိုက်ကြတဲ့ အမျိုးသား ၂ ဦး

Facebook မှာတွေ့ပြီး လက်ထပ်လိုက်ကြတဲ့ အမျိုးသား ၂ ဦး

Written By မောင်စေတနာ on Thursday, January 12, 2012 | 11:47:00 PM



ထိုင်းမှာ အမျိုးသား ၂ ယောက် လက်ထပ်ပြန်ပြီ။ ပြီးခဲ့တဲ့ စနေနေ့ Trang ခရိုင် ထဲက Huay Yot မြို့မှာ လူကြီးစုံရာနဲ့ မင်္ဂလာဆောင် လိုက်သူတွေကတော့ အသက် ၂၇ နှစ်အရွယ် Thongchai Rattanakaew နဲ့ အသက် ၃၀ အရွယ် Chumwit Sudsai တို့ ဖြစ်ပါတယ် တဲ့။

သူတို့ရဲ့ ၀ိဝါဟကို နှစ်ဘက်မိဘတွေတက်တယ်၊ ဧည့်သည်တော် ၂၀၀ လောက် ရှိမယ်လို့ ဆိုပါတယ်။

သတို့သမီးကောင်လေး Thongchai ရဲ့ မိဘများက သတို့သား ကောင်လေးဆီက ဘာမှ မတောင်းပါဘူး တဲ့။ ချစ်ခြင်းမေတ္တာနဲ့ အပြန်အလှန်နားလည်မှုက ငွေကြေးထက် ပိုအရေးပါတယ်လို့ သတို့သမီးကောင်လေး Thongchai ရဲ့ မေမေက ဆိုပါတယ်။

သားမက် အတွက် စားသောက်ဆိုင်တဆိုင် ဖွင့်ပေးဖို့ ပြင်နေတယ်၊ သားမက်တော်က အချက်အပြုတ်ကောင်းတယ် လို့ ဆိုပါတယ်။

သတို့သားကောင်လေးက Chon Buri ခရိုင် ရေတပ်စခန်းမှာ အမှုထမ်းခဲ့သူပါ။ ပထမဆုံး သူတို့ ၂ ယောက် Facebook မှာ သူငယ်ချင်းဖြစ်ခဲ့တယ်။ တောင်ပိုင်းသားချင်းမို့ အွန်လိုင်းသူငယ်ချင်းဖြစ်သွားရာကနေ အခုတော့ ငြားသွားကြပါပြီ။ ချစ်သက်တမ်း ၃ နှစ် ကြာခဲ့တယ်လို့ ဆိုပါတယ်။

http://wikimyanmar.co.cc မှာတော့ အာဝါဟ၊ ၀ိဝါဟကို ဒီလို တွေ့ရပါတယ်

အာဝါဟ၊ ၀ိဝါဟ ဆိုသည်မှာ မင်္ဂလာအခမ်းအနား ကျင်းပရာ နေရာကို လိုက်ပြီး ခေါ်ဝေါ်တာဖြစ်သည်။

အာဝါဟ - ယောက်ျားလေးအိမ်တွင် မင်္ဂလာဆောင်ခြင်း၊
ဝိ၀ါဟ - မိန်းကလေးအိမ်တွင် မင်္ဂလာဆောင်ခြင်း လို့အဓိပ္ပါယ်ရသည်။

ဓာတ်ပုံ နဲ့ အချက်အလက် - http://www.nationmultimedia.com/national/Facebook-friendship-blossoms-into-gay-marriage-in--30173344.html

Source by :http://www.irrawaddyblog.com
Share this article :

1 comments:

မဒမ်ကိုး said...

ဟင် ငါတော့ကိုရင် ယောကျာင်္းချင်းချက်ရင်တောင်လိုက်ကြည့်ရတော့မလိုဖြစ်နေပြီ .ဟဟဟဟဟဟဟဟဟဟဟဟဟ


ခင်မင်လျှက်

မဒိုးကန်

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။