Home » » မြန်မာတိုင်းရင်းသားများ မလေးရှားတွင် စေတီတော် ရွှေထီးတော်တင်

မြန်မာတိုင်းရင်းသားများ မလေးရှားတွင် စေတီတော် ရွှေထီးတော်တင်

Written By မောင်စေတနာ on Thursday, January 12, 2012 | 8:30:00 PM



မလေးရှားနိုင်ငံ စမူညင်းပြည်နယ်တွင် တည်ရှိသော စမူညင်းစေတီတော် ရွှေထီးတင်ပွဲကို ၂၀၁၂ ခုနှစ် ဇန္န၀ါရီလ ၈ ရက် နေ့က စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်ဟု သိရသည်။

ရွှေထီးတော် တင်ပွဲကျင်းပရခြင်းနှင့် ပတ်သက်ပြီး ဦးဆောင်ကျင်းပသူ လက်ထောက် ဆရာတော် ဦးပဏ္ဍိတက နိရဉ္စရာ သို့ ယခုကဲ့သို့ ပြောသည်။

မလေးရှာမှာ အခုလို ဗုဒ္ဓဘာသာရဲ့ အထွဋ်တမြတ်ဖြစ်တဲ့ စေတီတော် ထီးတင်ပွဲကို ကျင်းပရတာဟာ အင်မတန်မှ ၀မ်း မြောက်ဖို့ ကောင်းပါတယ်။ ဂုဏ်ယူစရာလည်း ကောင်းပါတယ်။ ဒီလို စေတီတော် တည်ဆောက်ဖို့အတွက် မလေးရှားက လူကြီးတွေနဲ့ ဆွေးနွေးရတာ ပထမတော့ အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒီလို အခက်အခဲကြားက ရွှေထီးတော် တင်နိုင်ခဲ့တာဟာ ဦးဇင်းတို့ ဗုဒ္ဓဘာသာ လူမျိုးတွေအတွက် ဂုဏ်ယူစရာ ဖြစ်ပါတယ်။


အဆိုပါ စေတီတော် ရွှေထီးတော်တင်ပွဲကို မြန်မာနိုင်ငံမှ ရောက်ရှိနေကြသော ရခိုင်၊ ရှမ်း၊ မွန်၊ ကရင်၊ ဗမာ အစရှိသော တိုင်း ရင်းသားညီအစ်ကိုမောင်နှမများက တက်ညီလက်ညီ ၀ိုင်းဝမ်းဆောင်ရွက်ပေးကြသောကြောင့် ယခုကဲ့သို့ အောင် အောင်မြင်မြင်နှင့် ကျင်းပနိုင်ခြင်း ဖြစ်သည်ဟု သိရသည်။

ထီးတော်တင်ပွဲနှင့် ပက်သက်၍ ဦးဆောင်ပါဝင်သူ ဂေါပကတစ်ဦးကလည်း ယခုကဲ့သို့ ပြောသည်။

ဒီလို ရွှေထီးတော် တင်နိုင်ခဲ့တဲ့အတွက် အရမ်းကို ဂုဏ်ယူပါတယ်။ နောက်ပြီး ပရိတ်သက်တွေလည်း ဒီလောက်ထိ ရောက်လာလိမ့်မယ်လို့ မျော်လင့်မထားဘူ။ နောက်တခုက ဒီလို နှိင်ငံမျိုးမှာ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ စေတီတော် ထီး တင်ပွဲတွေ ဖြစ်လာလိမ့်မယ်လို့လည်း မမျှော်လင့်ခဲ့ပါဘူး။ မမျှော်လင့်တဲ့ ကြားက ခုလို စေတီတော် ရွှေထီးတင်ပွဲ ကျင်းပ နိုင်ခဲ့တဲ့အတွက် ကျေနပ်ဝမ်းသာ ဂုဏ်ယူမိပါတယ်။

ပွဲတော်သို့ မလေးရှားနိုင်ငံရောက် မြန်မာတိုင်းရင်းသားများနှင့် မလေးရှားရှိ တရုတ်လူမျိုးအပါအ၀င် တခြားဗုဒ္ဓဘာသာဝင် စုစုပေါင်း တစ်သောင်းကျော်ခန့် တက်ရောက်ခဲ့သည်ဟု သိရသည်။

ထီးတော်တင်ပွဲတွင် ကျွေးမွေးခြင်း၊ ကားအကြို အပို့ကိစ္စရပ်များ၊ ကျန်းမာရေးဆေးခန်းများကို မလေးရှားနိုင်ငံရှိ မြန်မာ ကုမ္ပဏီ အသီးသီးမှ တာဝန်ယူလုပ်ဆောင် ပေးခဲ့သည်။

ရွေထီးတော် တင်ပွဲ အခမ်းအနားကို နံနက် ၇း၀၀ တွင် စတင်ဖွင့်လှစ်ကာ ညနေ ၇ နာရီတွင် စေတီတော် ထီးတင်ပွဲကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့သည်။

စမူညင်းစေတီတော်ကို ၂၀၁၁ ခုနှစ်က စတင်ပြီး ဆရာတော် ဦးသိဒ္ဒိဝံက ဦးဆောင်ပြီး တခြားဆရာတော်များနှင့် မလေးရှား တရုတ်များက ဦးဆောင် တည်ဆောက်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဇန္န၀ါရီလ ၈ ရက်နေ့တွင် ထီးတော်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။

မလေးရှားနိုင်ငံတွင် ယခု ရွှေထီးတော် တင်သော စမူညင်း စေတီတော်အပါအ၀င် အိပို့စေတီတော်နှင့် ကလန်းစေတီတော် ဟူ၍ စုစုပေါင်း သုံးဆူ တည်ရှိကြောင်း သိရသည်။

Source by : နိရဉ္စရာမှ

မှတ်တမ်း ဓာတ်ပုံများကို ဒီနေရာလေးမှာ ဝင်ရောက်ကြည့်ရှုပါရန် ....
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။