Home » , , » ပြည်ပနိုင်ငံများရှိ စက်ရုံများတွင် အလုပ်လုပ်ရမည်ဟု ၀န်ဆောင်မှု ပေးနေသူများကို အမှုဖွင့် စစ်ဆေးလျက်ရှိ

ပြည်ပနိုင်ငံများရှိ စက်ရုံများတွင် အလုပ်လုပ်ရမည်ဟု ၀န်ဆောင်မှု ပေးနေသူများကို အမှုဖွင့် စစ်ဆေးလျက်ရှိ

Written By မောင်စေတနာ on Tuesday, January 10, 2012 | 10:10:00 PM



ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ပြည်ပထွက်ခွာ အတွင်းပိုင်း တစ်နေရာ

ပြည်ပအလုပ်အကိုင် ရှာဖွေရေး အကျိုးဆောင်လိုင်စင် မရှိဘဲ ပြည်ပနိုင်ငံများရှိ စက်ရုံများတွင် အလုပ်လုပ်ရမည်ဟု ၀န်ဆောင်မှုပေးနေသူများကို အမှုဖွင့် စစ်ဆေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်ပအလုပ်အကိုင် ရှာဖွေရေး အကျိုးဆောင်လိုင်စင် မရှိဘဲပြည်ပနိုင်ငံ များရှိ စက်ရုံ၊ အလုပ်ရုံများနှင့် အခြားလုပ်ငန်းများတွင် အလုပ်လုပ် ကိုင်ရမည်ဟု အကြောင်းပြချက်ဖြင့် ပြည်ပနိုင်ငံများသို့ အလုပ်သမားများ တရားမ၀င် ပို့ဆောင်နေသူများကို အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်မှာ ၂၀၁၁ ခုနှစ် ဒီဇင် ဘာလ ၂၇ ရက်နေ့တွင် တာဝန်ရှိ အဖွဲ့သည် မင်္ဂလာဒုံမြို့နယ် အောင် မင်္ဂလာအဝေးပြေးဝင်း၊ အောင်စစ်သည် ကားဂိတ်ခရီးသည်တင် ယာဉ်လိုင်း၊ ရန်ကုန်မှ ကော့ကရိတ်သို့ သွားမည့် ယာဉ်အမှတ် ၄ ခ/၇၈၇၂ ဖြင့် လိုက်ပါစီးနင်းမည့် ကိုဦး(၂၇) နှစ်၊ မကွေးတိုင်းဒေသကြီး နေသူပါ ၁၀ ဦးအား စစ်ဆေးရာ ကိုဦးသည် မကွေးတိုင်းဒေသကြီး မင်းလှမြို့ နယ်အတွင်းရှိ ကျေးရွာများမှ ကို ကြည်လှိုင် ၃၉ နှစ်၊ တောင်သူပါ ကျားခြောက်ဦး၊ မ သုံးဦးထံမှ တစ်ဦး လျှင် ငွေကျပ် ၅၀၀၀၀ ကျပ်စီရယူပြီး ထိုင်းနိုင်ငံ၊ မဟာချိုင်ရှိငါးပုစွန် လုပ်ငန်းစက်ရုံ၌ အလုပ်သွင်းပေးရန် ခေါ်လာခြင်းဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် ကိုဦးအပေါ် အရေးယူရန်အတွက် တိုင်တန်းမှုအား မင်္ဂလာဒုံရဲစခန်း(ပ) ၇၃၂/၂၀၁၁၊ ပုဒ် မ-ပြည်ပ-၂၆ဖြင့် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် အမှုဖွင့်ပြီး တရားခံအား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ထို့အတူ လှိုင်သာယာစက်မှုဇုန် (၄)ရှိ SY(SHWE YIM) အအေးခန်း စက်ရုံမှမန်နေဂျာ ဒေါ်စိုးစိုးမိုး(၄၄) နှစ်သည် ၎င်းင်းစက်ရုံမှ အလုပ်သမား ဖြစ်သည့် သန့်ဇင်ဦးပါ ၁၁ ဦးအား ၂၀၁၁ခုနှစ်မတ်လတွင် လည်းကောင်း၊ ချိုလင်း၊ အောင်ကိုဦး၊ မောင်မောင် ထွန်းပါ ကိုးဦးတို့အား ၂၀၁၁ခုနှစ် ဇူလိုင်လ တွင်လည်းကောင်း၊ ၎င်းတို့၏ လက်ရှိအအေးခန်းစက်ရုံမှ လစာဝင်ငွေထက် ပိုမိုများပြားသည့် လစာဝင် ငွေရရှိကြောင်း အကြောင်းပြချက်ဖြင့် ခြောက်လ စာချုပ်ချုပ်ဆို၍ စက်ရုံအစီအစဉ်ဖြင့် တရုတ်နိုင်ငံ ကျန်းဖုန်း မြို့အနီး အုတ်စက်ရုံသို့ စေလွှတ်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ထို့သို့ပို့ဆောင်စဉ် ပြည်ပအလုပ်အကိုင် ရှာဖွေရေး အကျိုးဆောင် လိုင်စင်ရယူထားခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် စက်ရုံမန်နေဂျာဖြစ်သူ ဒေါ်စိုးစိုးမိုးနှင့် ဒါရိုက်တာ ဦးထန်ချိန်ချီတို့နှစ်ဦးကို လှိုင်သာယာ ရဲစခန်း(ပ)၁၉၂၃/၂၀၁၁၊ ပြည်ပ အလုပ်အကိုင်ရှာဖွေရေး ပုဒ်မ-၂၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရပါသည်။

အလားတူ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာနှင့် ၂၀၁၁ ခုနှစ် ဇန်န၀ါရီ လအတွင်း သန့်ဇင်အောင် (၃၁)နှစ် ကျောက်ပန်းတောင်း မြို့နယ်နေသူ နှင့်မြင့်ကျော်၊ ဖြိုးသူ၊ မင်းသူ၊ ၀င်းနိုင်စိုးငါးဦးတို့အား မောင်မောင် လမ်း(၃၀)၊ (၈)ရပ်ကွက် ပန်းဘဲတန်း မြို့နယ်နေသူမှ မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်နိုင်ရေး ဆောင်ရွက်ပေးမည်ဟု ပြောဆိုကာ တစ်ဦးလျှင် ငွေကျပ်ကိုးသိန်းဖြင့် စုစုပေါင်း ၄၅ သိန်းရယူပြီး

မလေးရှားနိုင်ငံသို့ ပို့ဆောင်ပေးခဲ့သော်လည်း အလုပ်အကိုင်ရှာဖွေ စီစဉ်မပေးဘဲ မလေးရှားနိုင်ငံရှိ တိုက်ခန်း တစ်ခုတွင် တစ်လခန့်ထားရှိပြီး ဒုက္ခမျိုးစုံခံရကာ မြန်မာနိုင်ငံသို့ မိမိအစီအစဉ်ဖြင့် ပြန်လာခဲ့ရသောကြောင့် မောင်မောင်အပေါ် အရေးယူပေးရန် တိုင်တန်းမှုအား ပန်းဘဲတန်း ရဲစခန်း(ပ)၄၂၆/၂၀၁၁၊ ပြည်ပအလုပ်အကိုင် အက်ပုဒ်မ ၂၆ ဖြင့် ဒီဇင်ဘာ လ ၂၈ ရက်နေ့တွင် အမှုဖွင့်ပြီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Source by :http://first-11.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။